Chapter 4 ( Unicode )

30.7K 1.7K 13
                                    

မနက်ခင်းစောစောမှာ ဖုန်းသံကြားလို့ ခေတ် အိပ်ရာနိုးသွားသည်။ လက်က ဟိုစမ်းဒီစမ်းနဲ့ပဲ ဖုန်းကို ကောက်ကိုင်လိုက်သည်။ မျက်လုံးကို ပွတ်သပ်ပြီးမှ ဖုန်းကို ကြည့်လိုက်တော့ ဖေဖေ့ဆီက ဖြစ်နေတာ။

"ဟယ်လို"

"ဟယ်လို ခေတ် .. ငါမင်းအဖေ၊ အသံက ဘာဖြစ်နေတာလဲ၊ ဘယ်အချိန်ရှိပြီလဲ၊ အိပ်နေတုန်းလား "

ခေတ် အိပ်ရေးမဝသေးလို့ အသံညှောင်နာနာနဲ့ စိတ်မပါသလို ဟယ်လိုလုပ်မိတာကို ဖေဖေက တန်းဆူ သည်။

"ခေတ်ရာ ..စောစောစီးစီး ဘယ်သူလဲ"

ဖုန်းထဲက စကားပြောသံက ကျယ်လောင်ပြီး အပြင်ကိုပါ ဖိတ်လျှံပြီး ကြားနေရတာမို့ Joy ဝင်ပြောလိုက်သည်။

"ခေတ် အခုဘယ်မှာလဲ၊ ဘာလုပ်နေတာလဲ၊ အနားက ဘယ်သူလဲ"

ဖေဖေက အသံခပ်ဆတ်ဆတ်နဲ့ မေးလာတာမို့ ခေတ် အိပ်ချင်စိတ်ပင် ပျောက်သွားသည်။ ပါးစပ်ကို လက် ညှိုးနဲ့ထိပြပြီး ကိုဂျွိုင်းကို စကားမပြောဖို့ အထာနဲ့ လုပ်ပြလိုက်ရသည်။

"ကျွန်တော် ကိုရီးယားမှာလေ၊ ဖေဖေ့ကို ပြောပြီးသားလေ "

"မင်း ကိုရီးယားရောက်နေတာ ငါသိတယ်၊ မင်းဦး လေး ငါ့ကိုပြောတော့ ခရီးထွက်သွားတယ်ဆို၊ အခု ဘယ်မှာလဲ၊ ခုနက ဘယ်ကောင်လဲ၊ မဟုတ်တဲ့ကောင်တွေနဲ့ အပေါင်းအသင်းလုပ်လို့ကတော့ ပုဂံကို ပြန်လာရမယ်မှတ်"

"ဖေဖေကလည်းဗျာ စောစောစီးစီး၊ ကျွန်တော်က ဘယ်မဟုတ်တဲ့ကောင်နဲ့ ပေါင်းရမှာလဲ၊ စိတ်ချပါ၊ ဖေဖေ့ကိုထိခိုက်မိရင် ခေတ်ကို အမွေဖြတ်ပြီး ဖေဖေ့သားကြီးကိုသာ အမွေပေးလိုက်တော့"

"အပြင်မှာနေတယ်ဆိုပြီး လုပ်ချင်ရာ လုပ်လို့ရမယ် မထင်နဲ့၊ ရန်ကုန်မြို့မှာ ငါ့မိတ်ဆွေတွေ အများကြီးရှိတယ်၊ အကုန် သတင်းရောက်တယ်၊ ကြားလား ခေတ်"

"ကြားတယ်ဗျာ ကြားတယ်၊ ဒါပဲ မဟုတ်လား၊ ဖုန်းချတော့မယ်"

ဖေဖေ့ကို စိတ်တိုတိုနဲ့ စကားဆက်မပြောဘဲ ဖုန်းချပစ်လိုက်သည်။ ဖေဖေက အဲ့လိုပဲ ခေတ်ကို အဝေးကနေ လှမ်းလှမ်းကျပ်တတ်တာ။

ကိုယ့်ရဲ့ VIP [completed]حيث تعيش القصص. اكتشف الآن