Joy မနက်မိုးလင်း အိပ်ရာနိုးလာတော့ မျက်လုံးမဖွင့်ကြည့်သေးဘဲ အကျင့်ဖြစ်နေတဲ့အတိုင်း လက်တစ်ဖက်က ခေတ်ကို စမ်းကြည့်လိုက်သည်။ နွေး ထွေးတဲ့ကျောပြင်ကို မစမ်းမိတာမို့ မွေ့ယာကို ထပ်စမ်းကြည့်လိုက်သည်။ မွေ့ယာကလည်း လူငွေ့နှင့် မထိတွေ့ထားသည်မို့ အေးစက်နေလေသည်။
"အာ .. ခေတ်လေး မရှိဘူးပဲ"
အချစ်ရဆုံးသူ အနားမှာမရှိတော့သည့် မနက်ခင်းသည် Joy အတွက် ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်နိုင်လွန်းနေသည်။ Joy ရေချိုးခန်းထဲ ဝင်သွား လိုက်သည်။ သွားတိုက်ဖို့ရန် အပြာရောင် သွားတိုက်တံကို ယူလိုက်တော့ ဘေးချင်းယှဉ်လျက် ကပ်ထောင်ထားတဲ့ စိမ်းနုရောင် သွားတိုက်တံလေးက သခင်မဲ့နေပြန်သည်။ မျက်နှာသစ်တော့လည်း ခေတ်လေးကို သတိရသည်။ ခေတ်နဲ့တူတူ မျက်နှာသစ် ကြရင် ခေတ်က ရေစက်တွေကို Joy မျက်နှာပေါ်ကို ခါထုတ်နေကြ။
ထမင်းစားခန်းကို ဝင်လာတော့လည်း Breakfast စီစဉ်ပေးသော ချစ်ရသူလေးမရှိတာမို့ Joy ခြေလှမ်းတို့ကို ထမင်းစားခန်းထဲက ပြန်ဆုတ်ခွာရသည်။ Gym အခန်းကိုဝင်ပြီး ပြေးစက်ပေါ် တက်ပြေးလိုက်သည်။ ခေတ်ကို အသားယူပြီး Gym အခန်းထဲမှာ အနမ်းတွေအမုန်းဆွဲ နမ်းခဲ့ဖူးတာ ပြန်မြင်ယောင်လာတော့ ပြေးစက် ရပ်လိုက်ရသည်။
"ခေတ်ရယ် ကိုကိုလွမ်းနေပြီ"
ခေတ်နဲ့ ခွဲအိပ်ရတာ တစ်ညပဲရှိသေးသည်။ Joy ခေတ်ကို လွမ်းနေပြီ။ ဒီအိမ်ရဲ့ ဘယ်နေရာကိုပဲ ကြည့်ကြည့် ခေတ်လေးကိုပဲ မြင်နေရသည်။ Joy ရဲ့ အာရုံထဲမှာ ခေတ်ပုံရိပ်တွေက ဒီအိမ်ရဲ့နေရာတိုင်းမှာ။ ခေတ်လို့ နာမည်ခေါ်ပြီး ပုံရိပ်တွေကို လက်နဲ့ထိတွေ့ကြည့်လိုက်ရင် ဆပ်ပြာပူဖောင်းလိုပင် ခေတ်လေးက ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
Joy အားကစားအခန်းထဲက ပြန်ထွက်လာပြီး ရေချိုးခန်းထဲကို ဝင်လိုက်သည်။ ခေတ်မရှိရင် တကယ်ကို လုံးဝမနေနိုင်တာ။ အခုလည်းကြည့်။ ရေချိုးခန်းထဲမှာ ခေတ်ရဲ့ ရှက်ရွံ့နေတဲ့ ပန်းရောင်ခြယ်မျက်နှာလေးကို မြင်နေရပြန်သည်။
"ခေတ်ရယ် .. လွမ်းတယ် ခေတ်ရယ်"
Joy ရေချိုးပြီးတော့ ကုမ္ပဏီသွားဖို့ အဝတ်အစားလဲသည်။ အရင်လို နက်ခ်တိုင်ချည်ပေးသော ခေတ်လေး မရှိတာမို့ ရှပ်အင်္ကျီလက်ရှည်မဝတ်တော့ဘဲ၊ ခေါင်းက စွပ်ချလိုက်ရင်ဖြစ်တဲ့ တီရှပ်ကိုပဲ ဝတ်လိုက်သည်။ ခေတ်မရှိတော့ စာကြည့်ခန်းမှာ ထားထားတဲ့ သားရေလက်ဆွဲအိတ်ကို ကိုယ့်ဘာသာဝင်ယူရသည်။ လက်ဆွဲအိတ်ကို ကိုယ့်ဘာသာဆွဲပြီး ကားပါကင်ကို ဆင်းလာလိုက်သည်။ ကား ပေါ်ရောက်တော့ အကျင့်သားရနေတဲ့အတိုင်း ဘေးထိုင်ခုံက ကားခါးပတ်ကြိုးကို လှမ်းဆွဲမိပြီကာမှ ဘေးနားမှာ ထိုင်နေကြ ကောင်လေးက မရှိတာမို့ ခါးပတ်ကြိုးကို ပြန်လွှတ်လိုက်ရသည်။
ŞİMDİ OKUDUĞUN
ကိုယ့်ရဲ့ VIP [completed]
Genel Kurgu[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...