Chapter 19 ( Unicode)

18.1K 998 13
                                    

Joy က မန်နေဂျာတွေကို အစည်းအဝေး ခေါ်ထားတာမို့ မန်နေဂျာတွေ တစ်ယောက်ပြီးတစ်ယောက် Joy ရဲ့ ရုံးခန်းထဲကို ရောက်လာကြသည်။ မန်နေဂျာအားလုံးစုံသွားတော့မှ အတွင်းရေးမှူး ကိုမိုးဝေက ရုံးခန်းတံခါးကို ပိတ်လိုက်သည်။

"ခင်ဗျားတို့အားလုံးကို အစည်းအဝေးခေါ်ရတဲ့ကိစ္စက ကျွန်တော့်မှာ အစီအစဉ်တစ်ခုရှိလို့၊ ကျွန်တော့်ရဲ့ ပထမခြေလှမ်းက ရန်ကုန်မှာ Attraction Show room ဖွင့်မလို့၊ နေရာက မြန်မာပလာဇာမှာ၊ အခုကိစ္စကို အန်ကယ်ကျော်နဲ့လည်း တိုင်ပင်ပြီးပြီ"

စိတ်ထဲ မမျှော်လင့်ထားတာကို Joy က ပြောလိုက်တာမို့ မန်နေဂျာအားလုံးက Joy ကို ကြည့်လာကြသည်။ ဘယ်ဥက္ကဋ္ဌ အဆက်ဆက်မှာမှ မလုပ်ခဲ့ဖူးသည့် plan မို့လို့ အံ့သြသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"သူဌေးလေး အဲ့ဒါဆို Show room အတွက် နေရာလိုမှာပေါ့ "

"အဲ့ဒါကြောင့် ခင်ဗျားတို့ကို ခေါ်လိုက်တာ "

မန်နေဂျာ တစ်ယောက်ချင်းဆီရဲ့ မျက်နှာကို Joy အကဲခတ် ကြည့်လိုက်သည်။ မန်နေဂျာတွေဘက်က Joy ရဲ့ Plan အတိုင်း လိုက်လုပ်ပေးမယ့်မျက်နှာမျိုးကိုသာ တွေ့ရသည်။

"Admin မန်နေဂျာ ကိုမျိုးမင်း"

" ဟုတ် သူဌေးလေး .. ဘာတာဝန်ပေးချင်လို့ပါလဲ"

"မြန်မာပလာဇာမှာ ဆိုင်ခန်းစုံစမ်းကြည့်ပါ၊ နှစ်ချုပ်နဲ့ ငှားရင် ဘယ်လောက်လဲ၊ ဆိုင်ခန်းတွေရော ရှိသေးလား ဆိုတာ "

"ဟုတ် သူဌေးလေး၊ ကျွန်တော်စုံစမ်းပြီး ပြန်တင်ပြပေးပါမယ်"

"မြန်မာပလာဇာမှာ ဆိုင်ခန်းရဖို့က အဓိကပဲ၊ ဆိုင်ခန်းရရင် ဆိုင်အပြင်အဆင် Decoration ပိုင်းကို မန်နေဂျာကိုသူရိန်က ဆက်လုပ်ပေးရမယ် "

တာဝန်မရရှိသေးသည့် မန်နေဂျာတွေကလည်း သူတို့ကို Joy က ဘာတာဝန်ပေးမလဲလို့ စောင့်နေကြသည့်ပုံ။

"အားလုံးပဲ၊ ကျွန်တော်တို့ Attraction ရဲ့ ထုတ် ကုန်တွေကို Comestic ဆိုင်တွေကိုပဲ လိုက်ဖြန့်တာထက်စာရင် တစ်နေရာတည်း တစ်စုတစ်စည်းတည်း ရနိုင်အောင်လို့ ကျွန်တော် အခုလို Show room စီစဉ်ဖြစ်တာ၊ နောက်ကျရင် တီဗွီကြော်ငြာပါ ရိုက် ကူးသွားဖို့လည်း ရှိတယ် "

ကိုယ့်ရဲ့ VIP [completed]Onde histórias criam vida. Descubra agora