Chapter 8 ( Zawgyi)

16.7K 855 9
                                    

Attraction Trading Co.,ltd ဟု အမည်ရသော ရေမွှေးကုမ္ပဏီမှာ ရှယ်ယာရှင်အစည်းအဝေးကို ကျင်းပတော့မှာမို့ ရှင်ယာရှင်အားလုံးက အစည်း အဝေးခန်းထဲမှာ အဆင်သင့် နေရာယူထားကြသည်။ အသက် ၅၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက စား ပွဲ၏ထိပ်ဆုံးထိုင်ခုံတွင် နေရာယူထားသည်။

"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော် ရှင်ယာရှင်အစည်း အဝေးကို ခေါ် ရတဲ့ အကြောင်းအရင်းကို သိပြီးကြမယ်လို့ထင်ပါတယ်၊ ကျွန်တော့်ရဲ့ ကျန်းမာရေး အ ခြေအနေကြောင့် လက်ရှိဆောင်ရွက်ပေးနေတဲ့ ဥက္ကဋ္ဌနေရာကို သင့်လျော်မယ့် ရှင်ယာရှင်တစ်ဦးကို လွှဲပြောင်းပေးချင်ပါတယ်"

"ဥက္ကဋ္ဌနေရာအတွက် ရှယ်ယာရှင်တွေက မဲဆန္ဒပေးပြီး ရွေးချယ်ပေးရမယ့် အစီအစဉ်လာပါမယ်၊ မဲများတဲ့ ၃ ဦးကို ရွေးချယ်ပါမယ်၊ မဲအများဆုံးကို ဥက္ကဋ္ဌနေရာလွှဲပါမယ်၊ မဲအများဆုံးက ဆန္ဒမရှိရင် ဒုတိယ မဲများသူကို ရွေးချယ်ပါမယ်၊ ကုမ္ပဏီအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ"

Joy တို့လို ရှယ်ယာရှင်အားလုံးက ဥက္ကဋ္ဌအသစ်နေ ရာအတွက် ဆန္ဒမဲပေးကြသည်။ ရှယ်ယာရှင်များက မဲပေးပြီးတာနဲ့ ထိုင်ခုံမှာ ပြန်ထိုင်ကြသည်။ဘေးချင်းကပ်ထိုင်ကြသူ အချင်းချင်းက ဥက္ကဋ္ဌနေရာအတွက် ထင်ကြေးပေး၍ တီးတိုးတီးတိုး ပြောဆိုကြသည်။

"လူကြီးမင်းများ ခင်ဗျာ၊ အများရှေ့မှာ မဲပုံးကို ဖွင့်ဖောက်ရေတွက်ပေးပါတော့မယ်"

ကုမ္ပဏီမန်နေဂျာတစ်ဦးက မဲပုံးကိုဖောက်ပြီး နာမည်အလိုက် စာရင်းကောက်သည်။ အားလုံးကလည်း ဘယ်သူဖြစ်မလဲနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

"မဲများတဲ့ ရှယ်ယာရှင် ၃ ဦး ပေါ်ထွက်လာပါပြီခင် ဗျာ၊ သူတို့ရဲ့ကိုယ်ရေးအချက်အလက်ကို တင်ပြပေးပါမယ်"

အစီအစဉ်ကို ကြေညာပေးသူ မန်နေဂျာသည် ဥက္ကဋ္ဌ အလောင်းအလျာ ၃ ဦး၏ ဓာတ်ပုံများနှင့် ကိုယ်ရေးအချက်အလက်များကို Projector ထိုးပေးလိုက်တဲ့အခါ အစည်းအဝေးခန်းထဲမှ ရှယ်ယာရှင်များ၏ တီးတိုးတီးတိုး စကားသံများက တမဟုတ်ချင်း ပေါ် ထွက်လာကြသည်။

ကိုယ့်ရဲ့ VIP [completed]Donde viven las historias. Descúbrelo ahora