"Morning သူဌေးလေး"
"Morning ကိုမိုးဝေ"
Joy ကုမ္ပဏီကို ရောက်တာနဲ့ လက်ကကိုင်ထားသော လက်ဆွဲအိတ်ကို ကိုမိုးဝေက ပြောင်းယူလိုက်သည်။ Joy တို့တွေ ဓာတ်လှေကားထဲ အတူဝင်လိုက် ကြသည်။
"သူဌေးလေး ဟိုမှာ အဆင်ပြေခဲ့လား "
"ပြေတယ် ကိုမိုးဝေ၊ risk နည်းနည်းရှိလို့ စိုးရိမ်စရာတွေတော့ ရှိတယ်၊ ဘုရားမှာ ဆုတောင်းရတာပေါ့ "
"ကျွန်တော်လည်း ဆုတောင်းပေးတယ်နော်၊ သူဌေးလေးတို့ အမြွှာလေး တွေ ကံကောင်းပါစေလို့ "
" ကျေးဇူးပါ ကိုမိုးဝေ "
ဓာတ်လှေကားက ဥက္ကဋ္ဌရုံးခန်းရှိသည့် အထပ်သို့ ရောက်လာသည်။ Joy တို့နှစ်ယောက်စလုံး ဓာတ်လှေကားထဲမှ ထွက်လာလိုက်ကြသည်။
"ကျွန်တော် ဒီနေ့ ရုံးပြန်တက်မှာကို မန်နေဂျာတွေ သိကြတယ် မဟုတ် လား "
"မန်နေဂျာတွေအားလုံး သိပါတယ် သူဌေးလေး"
"အဲ့ဒါဆို ၁၀ နာရီမှာ အစည်းအဝေး ခေါ်လိုက်ပါ၊ ကိုသာချို အိမ်ပြန် သွားတာ ပြန်ရောက်ပြီလား "
" ရောက်နေပါပြီ သူဌေးလေး "
" အဲ့ဒါဆို ကိုသာချိုကိုပါ တစ်ခါတည်း ခေါ် လိုက်"
" ဟုတ် သူဌေးလေး "
ကိုမိုးဝေက လက်ဆွဲအိတ်ကို အလုပ်စားပွဲပေါ် တင်ပေးပြီးနောက် ရုံးခန်းတံခါးကို ပိတ်ပြီး ပြန်ထွက်သွားသည်။ Joy လက်ဆွဲအိတ်ထဲက Laptop ကိုထုတ်ပြီး power ဖွင့်လိုက်သည်။ ခဏအကြာမှ ကိုမိုးဝေ ရုံးခန်းထဲပြန်ဝင်လာသည်။
"မန်နေဂျာတွေကို အစည်းအဝေးတက်ဖို့ အကြောင်းကြားပြီးပါပြီ သူဌေးလေး"
"ကျွန်တော်မရှိတုန်းမှာ အန်ကယ်ကျော်ရော ကုမ္ပဏီကို လာသေးလား "
"တစ်ရက်တော့ လာကြည့်ပေးပါတယ် သူဌေးလေး "
"အင်းအင်း ရပြီရပြီ၊ အန်ကယ်ကျော် ကုမ္ပဏီကို လာလား၊ သိချင်လို့ မေးကြည့်တာ"
CZYTASZ
ကိုယ့်ရဲ့ VIP [completed]
General Fiction[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...