Chapter 13 ( Unicode )

21.4K 1.1K 9
                                    

ထားဝယ်က ကမ်းခြေတွေဟာ အရမ်းလှပြီး တစ်နေ ရာနှင့်တစ်နေရာ ကားဖြင့်သွားလျှင် ပိုကြာတယ်လို့ ပြောကြလို့ ထားဝယ်မှာပဲ Speed Boat တစ်စီးငှားပြီး ထားဝယ်ကနေ ၄၂ မိုင်ဝေးတဲ့ ကျောက်ဝပ်ရွာကို ထွက်လာကြသည်။ ရွာကိုရောက်ချိန်မှာ နေလုံးကြီးက ဆတ်ဆာအော်ကမ်းခြေမှာ ရေသောက်ဆင်းနေပြီ။ ရွာမှာရှိတဲ့ Guest House တစ်လုံးကို ငှားလိုက်ကြသည်။ ည ၁၁ နာရီလောက်မှာ ပလန်တန်ကောင်တွေကို မြင်ရဖို့ ပင်လယ်ထဲဆင်းရန် Speed Boat မောင်းတဲ့ ဦးလေးကို မှာထားရသည်။

Joy တို့တွေ ဆတ်ဆာအော်အလှကို ခံစားဖို့ ကမ်း ခြေကို လမ်းလျှောက်ထွက်ကြသည်။ ကမ်းခြေက လူသူအရောက်နည်းပြီး လူရှင်းတာမို့ လွတ်လပ်မှု ပိုရှိတာအမှန်ပင်။ မှောင်စပျိုးတဲ့ နေဝင်ချိန်မို့ ကမ်းခြေမှာ လူရှင်းသည်။ ခေတ်က လက်စွဲတော်ကင်မရာနှင့် ဆတ်ဆာအော်အလှကို ဆည်းဆာနှင့်အတူ ကင်မရာထဲကို ဆွဲသွင်းသည်။ တုတ်တစ်ချောင်းနှင့် သဲနုသောင်ပြင်ပေါ်မှာ နာမည်တွေကိုရေးကာ ဓာတ်ပုံရိုက် သည်။

လရောင်ဆမ်းတဲ့ ကမ်းစပ်သောင်ပြင်ပေါ်မှာ ဘယ်သူမှလည်း မရှိတော့တာမို့ Joy လည်း သောင်ပြင်ပေါ် လှဲအိပ်ချကာ ခေါင်းအောက်ကို လက်ဖဝါးခုကာဖြင့် ကောင်းကင်မှာ သာပြနေတဲ့ ဝင်းဖန့်ဖန့်လမင်းကြီးကို မော့ကြည့်နေလိုက်သည်။

"ကိုကို လက်ဆန့်ထုတ်လိုက်"

ခေတ်က ကိုကို့ဘေးမှာ လှဲအိပ်ချလို့ ကိုကို့လက် မောင်းသားကို ခေါင်းအုံးလုပ်လိုက်သည်။ ကိုကိုနှင့်ခေတ်က အကြည့်ချင်းဆုံတာနဲ့ အကြင်နာပေးကြသည်။ လရောင်အလင်းကို အားပြုပြီး သဲနုသောင် ပြင်ပေါ်မှာ အချိန်အတော်ကြာသည်အထိ အနမ်းဝေဖြာကြသည်။

Joy အနမ်းတို့ကို ရပ်လိုက်ကာ သဲသောင်ပြင်ကနေ မတ်တပ်ထရပ်လိုက်သည်။ ခေတ်လေးကို လက်တစ် ဖက်ကမ်းပေးလိုက်တာနဲ့ ခေတ်လေးက Joy ရဲ့လက်ကို အားပြုတွဲခိုပြီး မတ်တပ်ထရပ်ကာ အဝတ်တွေမှာ ပေကျံနေတဲ့ သဲနုတွေကို လက်နဲ့ ခါထုတ်ပစ်လိုက်သည်။

"ခေတ်လေး ဗိုက်ဆာပြီလား"

"ဆာပြီ ကိုကို"

ကိုယ့်ရဲ့ VIP [completed]Hikayelerin yaşadığı yer. Şimdi keşfedin