Chapter 2 ( Unicode)

42.7K 2.5K 18
                                    

ဂျယ်ဂျူကိုသွားမည့်ကားက ဆိုးလ်မှ စထွက်နေပြီ။ ကားပေါ်မှာ Joy လည်း လိုက်ပါလာသလို ခေတ်လည်း လိုက်ပါလာသည်။ ဒါပေမဲ့ ထိုင်ခုံနေရာမနီးတဲ့အတွက် တစ်ယောက်နဲ့တစ်‌ယောက် သတိမပြုမိကြပေ။ နှစ်ယောက်စလုံးသည် လမ်းငေးရှုခင်းတွေကို ငေးကြည့်ကြရင်း ရာသီဥတုကလည်း နှင်းမိုးတွေရွာပြီး အနုတ်ဒီဂရီရောက်နေကာ အေးခဲလွန်းနေတာကြောင့် အိပ်ပျော်သွားကြရင်းနဲ့ ကားပေါ်မှာ လိုက်ပါလာကြသည်။ ဆိုးလ်မှ ခရီးနှင်လာသောကားသည် ဂျယ်ဂျူကိုရောက်ချိန်တွင် ညမှောင်နေပြီ။ အပြင်မှာလည်း နှင်းမိုးတွေ ရွာသွန်းနေမြဲဖြစ်သည်။ ဂျယ်ဂျူကိုရောက်သောအခါ ကားပေါ်တွင် လိုက်ပါလာကြသော ခရီးသည်များက ကားပေါ်မှ အလျှိုလျှို ဆင်းသွားကြသည်။

"ကားပေါ်မှာ လူကျန်သေးလား၊ လူရှိနေလား ခင်ဗျာ၊ ခရီးစဉ်ဂိတ်ဆုံးပါပြီ ခင်ဗျ"

Driver ကြီးသည် ခေါင်းကိုလည်ပြီး ကားအနောက်ဘက်ကို လှမ်းမေးနေပေမယ့် ပြန်ဖြေသူမရှိတာမို့ မီးတွေအကုန် ပိတ်ပစ်လိုက်သည်။ ကားကို စက်သတ်လိုက်ကာ တံခါးသော့ခတ်ပြီး ထီးဆောင်းလို့ ကားပေါ်က ဆင်းသွားတော့သည်။

အပြင်မှာ နှင်းမိုးတွေက တဖွဲဖွဲကျနေတုန်း။ ကားက စက်ရပ်သွားတာ အချိန်ကြာပြီမို့ ကားပေါ်မှာလွှတ်ထားပေးသေ။ အနွေးဓာတ် မရှိတော့တဲ့အခါ အနုတ်ဒီဂရီဖြစ်နေသော ဂျယ်ဂျူရဲ့ညအပူချိန်က အစွမ်းပြလာကာ ခေတ်တစ်ယောက် တုန်ချမ်းပြီး အိပ်ရာမှ နိုးလာသည်။

"ချမ်းတယ် ချမ်းလိုက်တာ၊ ဘယ်သူမှ မရှိကြဘူးလားဗျ၊ ကျွန်တော် ချမ်းလို့သေတော့မယ်"

ခေတ် တုန်ချမ်းပြီး နိုးလာချိန်မှာ ကားက မှောင်မည်းပြီး လူသံတိတ်နေသည်။ ခေတ် အရမ်းလန့်သွားရပြီ။ ဒါက ကားထဲမှာ တစ်ယောက်တည်း ပိတ်မိနေတဲ့ အခြေအနေ မဟုတ်လား။ လူက ကြောက်လန့်စိတ်ကြောင့် တုန်တုန်ယင်ယင်နဲ့ပဲ ဖုန်း၏ Flash မီးကို ဖွင့်လိုက်ကာ အကူအညီတောင်းလို့ရအောင် ကားတံခါးပေါက်ဆီကို လျှောက်သွားလိုက်သည်။

*ဒုတ် ... ဒုတ်*

ကားတံခါးကို လက်နဲ့ထုနေပေမယ့် မှန်ထုက ထူထဲနေတာမို့ လူတွေ သတိပြုလောက်သော အသံထွက်မလာခဲ့ပါ။ စီးလာသောကားက Car Stand မှာ ထိုးထားတာကြောင့် ဘေးဘက်မှာလည်း ကားတွေသာရှိနေကြပြီး လူတွေကိုလည်း မမြင်ရပါ။ ရာသီဥတုက အရမ်းဆိုးရွားလာချိန်မှာ အအေးဒဏ်ကို မခံနိုင်တော့တဲ့ခေတ်က အဆမတန် တုန်ချမ်းတက်လာသည်။ ဒီအတိုင်းသာ ပိတ်မိနေရင် သွေးခဲပြီး သေသွားလောက်သည်။ ကိုယ့်တစ်ယောက်တည်း ပိတ်မိနေတယ်ဆိုတဲ့အသိနဲ့ ကြောက်လန့်ပြီး ငိုချပစ်လိုက်သည်။

ကိုယ့်ရဲ့ VIP [completed]Donde viven las historias. Descúbrelo ahora