Extra 1 ( Unicode )

22.6K 933 9
                                    

ခေတ်တို့တွေကို ပုဂံက ဖေဖေ၊ မေမေတို့က သူတို့ရဲ့မြေးလေးတွေရဲ့ မျက်နှာကြောင့် ပြန်လက်ခံပေးခဲ့ သည်။မြန်မာပြက္ခဒိန်မှာ အနီရောင်အမှတ်အသားနဲ့ ရေး ထားတဲ့ gazetted holiday များ ရောက်လို့ကတော့ ဖေဖေနဲ့မေမေ ခေတ်တို့ဆီကို အမြဲဖုန်းဆက်သည်။ မြေးလေးတွေကို လွမ်းလို့တဲ့။ သူတို့အိမ်ကို အလည်လာခိုင်းကြတာ။

အဲ့ဒါနဲ့ ခေတ်တို့လည်း အိမ်နဲ့ ပြေရာပြေကြောင်း ဖြစ်တဲ့အချိန်ကစပြီး သွားလိုက်ရတဲ့ ပုဂံဆိုတာ ချောင်းပေါက်မတတ်။ အခုဆိုရင် ခေတ်တို့ရဲ့မင်းသား၊မင်းသမီးလေးတွေတစ်နှစ်ခွဲအရွယ် ရောက်လာခဲ့ပြီ။ တောက်တောက်, တောက်တောက်နှင့် လမ်းပင် လျှောက်တတ်နေကြပြီ။

ခေတ်ကတော့ ဆိုင်ကို စည်သူနဲ့ပဲ လွှဲထားခဲ့ပြီး ဆိုင်ကိုလည်း မသွားဖြစ်တော့ဘဲ ကလေးနှစ်ယောက်ရဲ့ အရေးကိစ္စနဲ့ပဲ တစ်နေ့တစ်နေ့ လုံးလည်ချာလည်လိုက်နေခဲ့သည်။ ပြောရရင် အပြင်လောကနှင့် အဆက်အသွယ်ပြတ်ပြီး ခေတ်ဘဝက ကလေးထိန်းရင်း နေဝင်မိုးချုပ် အိမ်ထဲမှာပဲ ဖြစ်နေခဲ့တယ် ဆိုတာပါပဲ။ အခုလည်း ကလေးတွေ အိပ်နေကြတုန်း ကလေးတွေရဲ့အဝတ်တွေ လျှော်ဖွပ်နေရင်းနဲ့ ဖုန်းသံကြားလို့ ဖုန်းထကိုင်လိုက်သည်။ ဖုန်းခေါ်နေသူက ခေတ်ရဲ့ သူငယ်ချင်း စည်သူ။


"အေး .. စည်သူ ပြော..ဘာကိစ္စလဲ "

"ခေတ်.. ကိစ္စက ကြီးတယ်ကွ "

"ကြီးတယ် ဟုတ်လား၊ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားလို့လား၊ မီးတောင် ပေါက်ကွဲပြီး မင့်အိမ်ဘေးကို
ချော်ရည်ပူတွေ စီးလာလို့လား "

ခေတ် စည်သူနဲ့လည်း မဆုံဖြစ်တာကြာလို့ စည်သူ့ ကို မျက်နှာပြောင်လိုက်သည်။ အရင်ဆိုလည်း သူငယ်ချင်းနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မျက်နှာပြောင်နေကြ။ ကိုကိုနဲ့ မတွေ့ခင် အချိန်အထိပေါ့။

"ခေတ် ဟာသလုပ်မနေနဲ့ ၊ ငါအတည်ပြောနေတာ၊ အေး .. မင်းပြောသလိုပဲ မီးတောင်ပေါက်ကွဲတယ်၊
ဒါပေမယ့် ထွက်လာတဲ့ ချော်ရည်ပူတွေက ငါ့အိမ်ကို ရောက်လာတာမဟုတ်ဘူး၊ မင့်အိမ်ထဲဝင်လာတော့မှာ"

ကိုယ့်ရဲ့ VIP [completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ