"ကိုကိုရေ သွားလို့ရပြီ၊ အားလုံး ရယ်ဒီပဲ"
"ရယ်ဒီပဲလား ခေတ်၊ ဆွဲထားတဲ့အထုပ်တွေ ကိုကို့ကိုပေး"
ဒီနေ့က ခေတ်လေးနဲ့အတူ ပုဂံကို သွားကြတဲ့နေ့။ မြေနီကုန်းက ခေတ်ဓာတ်ပုံတိုက်မှာ ခေတ်လေးကို ဝင်ခေါ်ပြီးတာနဲ့ Joy တို့တွေ ပုဂံကို ထွက်လာကြသည်။
"ကားမောင်းရတာ ပင်ပန်းနေပြီလား ကိုကို"
"မပင်ပန်းပါဘူး၊ မောင်းနေကြပဲ"
"ကိုကို့ကို ကြိုပြောထားမယ်နော်၊ ဟိုရောက်ရင် ဖေဖေ့အရှေ့မှာ ပုံမှန်ပဲနေ၊ မကဲနဲ့"
"အင်းပါ"
"ကိုကို့ကိုလည်း ဖေဖေတို့အရှေ့မှာ ကိုဂျွိုင်းလို့ပဲ ခေါ်မယ်"
"အင်း ..ခေါ် "
"ဖေဖေ ဘာပြောပြော ပြန်မပြောနဲ့၊ ဟုတ်ကဲ့လို့သာ ပြော"
"အာ ..ခေတ်ရဲ့ ..အဲ့ဒါကတော့"
"ဘာလဲ၊ ခေတ်စကား နားမထောင်ဘူးလား"
"မဟုတ်ဘူးလေကွာ၊ အရာအားလုံးကို ဟုတ်ကဲ့ဆိုပြီးတော့ ခေါင်းမညိတ်နိုင်ပါဘူး"
"ကိုကို ဖေဖေ့အကြောင်း မသိလို့နော်၊ ခေတ် အဲ့ဒါတွေ စိတ်ညစ်တာ"
"ကိုကို အတတ်နိုင်ဆုံး သည်းခံပေးမယ်ကွာ၊ ဟုတ်ပြီလား"
"အင်း"
ခေတ်တို့တွေ ရန်ကုန်မှ ထွက်လာပြီး ၁၁၅ မိုင်က Pioneer စားသောက်ဆိုင်မှာ နေ့လယ်စာ ဝင်စားကြသည်။ အဲ့ဒီအချိန်မှာ ဖေဖေဆီ့က ဖုန်းဝင်လာသည်။ ခေတ်လည်း ဖေဖေ့ဖုန်းမို့ အမြန်ကိုင်လိုက်သည်။
"ဟယ်လို ဖေဖေ"
"အေး ..ဘယ်နားရောက်နေပြီလဲ"
"၁၁၅ မိုင် ရောက်ပြီ ဖေဖေ"
"ဘာကားနဲ့ လာတာလဲ၊ ပုဂံမင်းသားလား"
"မဟုတ်ဘူး ဖေဖေ၊ အသိအစ်ကိုနဲ့ အတူလာတာ၊ သူ့ကားနဲ့ပဲ"
"ဘယ်က အသိလဲ၊ ဆိုင်ကလား"
"မဟုတ်ဘူး ဖေဖေ၊ ကိုရီးယားသွားတုန်းက သိတာ"
"ကိုရီးယားသွားတုန်းက သိလာတဲ့ကောင်နဲ့ အတူလာတယ်ဟုတ်လား၊ သူ့အကြောင်း ဘယ်လောက်သိလို့လဲ၊ အပေါင်းအသင်းဖျက်ရင် ပျက်တတ်တယ်ဆိုတာ မကြားဖူးဘူးလား"
ESTÁS LEYENDO
ကိုယ့်ရဲ့ VIP [completed]
Ficción General[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...