Chapter 26 ( Unicode)

16.7K 836 32
                                    

ဦးစိုးတင့် အရင်နေ့တွေကဆို နေ့ခင်းကြောင်တောင် တစ်ရက်မှ မအိပ်ဖူးပါဘဲ ဒီနေ့ကျမှ ထူးထူးဆန်းဆန်း ၃ နာရီလောက်ကို အိပ်မောကျသွားပြီး ပြန်နိုး လာသော သကာလ။

"ကိုကို .. နောက်တစ်လုတ်"

"ရမှာပေါ့ ကလေးလေး"

"ကိုကို .. လည်ချောင်းနင်တယ်.. ရေ.."

"အဆင်သင့်ပဲ၊ ဖြည်းဖြည်းသောက်၊ သီးလိမ့်မယ်"

ဦးစိုးတင့်သည် အိပ်ရာမှနိုးလာကာ အိမ်ရှေ့ခန်းကို ထွက်လာသည်။ ကောင်လေးနှစ်ယောက်ကို မျက်စိရှေ့မြင်ရတာက ထော်လော်ကန့်လန့် နိုင်လှသည်။ ဒီနှစ်ယောက်ကို တွဲမြင်ရရင် ကြက်ခြေခတ်တွေချည်း ပေးနေမိသည်။ အခုလည်းကြည့်။ ပိုကိုပိုသည်။ ညီအစ်ကိုအရင်းလည်း မဟုတ်ဘဲ အဲ့ဒီလောက်အထိ Joy က ခေတ်ကို အလိုလိုက်ပေးဖို့ လိုအပ်လို့လား။

"ငါ့ရှေ့က နှစ်ကောင် အဲ့ဒါဘာလုပ်နေကြတာလဲ"

"အောင်မလေး"

ရုတ်တရက်ကြီး နေ့ခင်းကြောင်တောင် မြည်ဟီးလာသော မိုးခြိမ်းသံလိုမျိုး ဖေဖေ့အော်သံကြီးကြောင့် ရေသောက်နေတဲ့ ခေတ်ပင် လန့်ဖြန့်ပြီး ရေသီးသွား သည်။

"အဟွတ် အဟွတ်"

ခေတ် ရေသီးသွားလို့ စကားမပြောနိုင်သေးဘဲ ဖြစ်နေသည်။ ဖေဖေက ခေတ်တို့အရှေ့က ထိုင်ခုံတန်းမှာ လာဝင်ထိုင်သည်။

"ခေတ်လေးရာ ရေသီးကုန်ပြီ၊ ခနီးခနီး ခြေဖျားမှာသီး"

ကိုကိုက ခေတ်ရဲ့ဖြစ်ပုံကို ကြည့်ကာ ဖေဖေ့အရှေ့မှာ မနေနိုင်စွာပင် ခေတ်ရဲ့ငယ်ထိပ်လေးကို လက်ဖဝါးနဲ့ ဖိပွတ်ပေးလာသည်။

"မင်းတို့နှစ်ကောင် ငါတော်တော် မျက်စိနောက်နေပြီ"

ယောက္ခထီးကြီးက အော်နေပေမယ့် မတတ်နိုင်ပါ။ အကြင်နာ ရေကာတာက ကျိုးနေပြီဆိုတော့ ယောက္ခထီးကိုလည်း မရှောင်၊ အကြင်နာတွေက ဒလဟော စီးဆင်းသွားသည်။

"ခေတ်..မင်းကရော မင်းအမေ မွေးထားတာ ကိုယ်လက်အင်္ဂါ စုံစုံလင်လင်ပါ၊ ဘယ်တုန်းက ဒုက္ခိတ ဖြစ်သွားတာလဲ"

ဖေဖေက ကိုကို့ကိုမအော်သေးဘဲ ခေတ်ကိုပဲ လှိမ့်အော်နေသည်။ ခေတ်ကလည်း သူခိုးလူမိဖြစ်တယ်ဆိုပေမယ့် ဖေဖေ့ကို စောဒကတက်တာက အကျင့်ဖြစ်နေတော့လည်း ဝသီကို တားမရပါ။

ကိုယ့်ရဲ့ VIP [completed]Où les histoires vivent. Découvrez maintenant