ခေတ်က ဆိုင်ကလူတွေနှင့် ကန်တော်ကြီးမှာ Pre wedding ဓာတ်ပုံ ရိုက်ပေးနေတုန်း ကိုကို့ဆီက ဖုန်းဝင်လာသည်။ ကိုကို့ဖုန်း ဖြစ်နေတာမို့ အလုပ်ကို ခဏရပ်ပြီး ဖုန်းကိုင်လိုက်သည်။
"ဟယ်လို ကိုကို "
"ခေတ် ဘယ်မှာလဲ၊ အခု ဘာလုပ်နေတာလဲ"
"Outdoor ထွက်ရိုက်နေလို့ ကန်တော်ကြီး ရောက်နေတာ၊ ကိုကို ဘာဖြစ်နေတာလဲ၊ အသံလည်း မကောင်းပါလား"
"ဘာမှမဖြစ်ပါဘူး ခေတ်ကို သတိရလို့ ဆက်လိုက်တာ၊ လုပ်လုပ်၊ အလုပ်ဆက်လုပ်၊ ကိုကို ဖုန်းချလိုက်မယ်"
ကိုကိုက ခေတ်ဆီကို အသံမသာမယာနှင့် ဖုန်းဆက်လာပြီး သူပြောချင်ရာ ပြောပြီး ဖုန်းချသွားသည်။ ခေတ်က အတွေးတွေနဲ့ ကျန်ခဲ့သည်။ ကိုကို့အသံကို နားထောင်လိုက်ရကတည်းက ခေတ်လည်း စိတ်ဂယောက်ဂယက် ဖြစ်လာသည်။ ရိုက်နေတဲ့ရိုက်ကွင်းကို ခေတ်အမြန်ပဲ လက်စဖြတ်လိုက်သည်။
"ညီငယ် ..ဒီကို လာဦး "
ဓာတ်ပုံရိုက်ပြီးသွားလို့ ပစ္စည်းသိမ်းနေတဲ့ အငယ်လေးကို ခေတ် လှမ်းခေါ်လိုက်သည်။
"ကိုကြီးခေတ် ဘာခိုင်းမလို့လဲ "
"ငါမပါဘဲ ဆိုင်ကိုပြန်လို့ အဆင်ပြေလား "
"ပြေပါတယ်၊ ကျွန်တော် ပစ္စည်းတွေသိမ်းပြီး ပြန်လိုက်မယ်လေ၊ မပွင့်နဲ့ မဖြိုးလေးလည်း ရှိတာပဲ"
"အဲ့ဒါဆို ငါကိစ္စလေးရှိလို့ သွားဦးမယ်၊ စည်သူ့ကိုလည်း ပြောလိုက်၊ ညနေ ဆိုင်ပိတ်ပြီးမှ ပြန်လိုက်လို့"
"အမ် ..ကိုကြီးခေတ်က ဆိုင်ကို ပြန်မလာဘူးလား"
"ပြန်မလာတော့ဘူး၊ သွားစရာရှိလို့၊ ငါသွားပြီနော် အငယ်လေး၊ မင်းဘာသာ အဆင်ပြေသလို လုပ်လိုက်တော့"
ခေတ် ကန်တော်ကြီးအရှေ့ကနေ Taxi ငှားစီးပြီး ကိုကို့ကုမ္ပဏီကို ထွက်လာလိုက်သည်။ Attraction Trading Co., ltd လို့ ရေးထားတဲ့ အဆောက် အအုံထဲကို ခေတ် ဝင်လာသည်။ ကုမ္ပဏီထဲရောက်တော့ ဘယ်သွားရမှန်း မသိတာနဲ့ တွေ့တဲ့လူကို မေး မြန်းရင်းနဲ့ပဲ ဥက္ကဋ္ဌရုံးခန်းရှေ့ကို ရောက်လာသည်။
ESTÁS LEYENDO
ကိုယ့်ရဲ့ VIP [completed]
Ficción General[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...