"ဟို ကော်ရစ်တာ ထောင့်ချိုးက အခန်းပဲ "
အရှေ့ကသွားနေသော သူနာပြုဆရာမက အနောက်က ကပ်ပါလာသော ခေတ်တို့ကို အခန်းတစ်ခန်းကို လမ်းညှိုးထိုးပြသည်။ သူနာပြုဆရာမက ခေတ်တို့ကို အခန်းထဲကို ခေါ်လာသည်။
"ရှင်တို့တွေ ဒီအခန်းမှာ သွေးစစ်ရမယ်၊ သွေးစစ်ပြီးရင် Sperm သွားထုတ်ရမယ်၊ ရှင်တို့သွေးတွေက သန့်တယ်ဆိုရင် လိုချင်တဲ့အမြွာလေးတွေ မွေးလို့ ရမှာပေါ့"
သူနာပြုဆရာမက ခေတ်တို့ကို ထိုင်ခုံမှာ ထိုင်ခိုင်းပြီး သွေးစစ်ဖို့ ပြင်ဆင်သည်။ ခေတ်တို့ သွေးကို ဖောက်ယူပြီး ပုလင်းမှာ နာမည်မှတ်လိုက်သည်။
"သွေးအဖြေက တစ်နာရီလောက် စောင့်ရမယ်၊ သွေး စစ်နေတုန်း ရှင်တို့က Sperm သွားထုတ်ထားနှင့်ကြ၊ ကျွန်မနဲ့ လိုက်ခဲ့ကြဦး၊ ရှင်တို့တွေ Sperm ထုတ်လို့ အဆင်ပြေအောင် သီးသန့်အခန်းကို ခေါ်သွားပေးမယ် "
သူနာပြုဆရာမက ခေတ်တို့ရဲ့ သွေးတွေကို ဓာတ်ခွဲ ခန်းတစ်ခုကို ဝင်ပို့ပေးပြီး ခေတ်တို့ကို တစ်နေရာကို ထပ်ခေါ်သွားသည်။
"ဒီအခန်းတွေပဲ၊ တစ်ယောက်တစ်ခန်းစီ ဝင်ကြပါ၊ Sperm ရလာရင် ဒေါက်တာအိုမင်ဂျယ် ပေးလိုက်တဲ့ ပုလင်းထဲထည့်ပြီး ပြန်ပေး၊ ကျွန်မ ခုနတုန်းက သွေးစစ်တဲ့အခန်းမှာ ရှိနေမယ်၊ Sperm ထုတ်တဲ့ကိစ္စက လောနေစရာ မလိုဘူး၊ အချိန်လည်းရလို့ အေးဆေးလုပ်ကြပေါ့"
သူနာပြုဆရာမကတော့ နိစ္စဓူ၀ ဒီလိုကိစ္စမျိုးတွေကိုပဲ ဆောင်ရွက်ပေးနေရလို့ ထင်သည်။ ဆရာမက ခေတ်တို့ ယောင်္ကျားလေးနှစ်ယောက်ကို Sperm ထုတ်ဖို့ ပြောနေတာ မိန်းကလေးမို့ ရှက်တာလည်း မရှိ။ အေးအေးဆေးဆေးနှင့်ပင် ခေတ်တို့ကို ပြောသင့်တာပြောပြီး သွေးစစ်တဲ့အခန်းကို ပြန်သွားသည်။
Sperm ထုတ်ရသည့် အခန်းကို Joy ဝင်လာလိုက်သည်။ တီဗွီစင်အရှေ့ မှာ လိင်စိတ်နှိုးဆွပေးသည့် အခွေတွေကို တင်ထားပေးသည်။ Joy အခွေတစ်ခွေ ထုတ်ပြီး ဖွင့်ကြည့်လိုက်သည်။ ဇာတ်ဝင်ခန်းတွေမှာ ခေတ်လေးကို အစားထိုးပြီး စီးမျောလိုက်ပါ ခံစားလိုက်တာ Sperm ရလာသည်။ Joy အားလုံး ပြီးစီးသွားတော့ ဖန်ပုလင်းထဲထည့်ပြီး ခေတ်ရှိတဲ့အခန်းကို ထွက်လာလိုက်သည်။
VOCÊ ESTÁ LENDO
ကိုယ့်ရဲ့ VIP [completed]
Ficção Geral[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...