Chapter 9 ( Unicode )

21.7K 1.2K 11
                                    

Night Out ထွက်ကြမှာမို့ ည ၆ နာရီလောက်မှာ ကိုကိုက ခေတ်ကို ဆိုင်မှာ လာခေါ်သည်။ ခေတ် ညစာမစားရသေးလို့ ဗိုက်အရင် ဖြည့်ရအောင် ဟော့ပေါ့ဆိုင်ကို ဝင်လာကြသည်။ ကိုကိုက ဟော့ပေါ့အကင် အိုးပေါ်မှာ ပုစွန်၊ ကင်းမွန်၊ ဝက်သားပြား စတဲ့ အကင်တွေကို ကျက်သွားအောင် တူသုံးပြီး မှောက်လိုက်လှန်လိုက် လုပ်ပေးသည်။

"ကိုကို နောက်ဆိုရင် ကုမ္ပဏီအလုပ်တွေ စလုပ်ရတော့မှာ၊ ခေတ်နဲ့ အမြဲတွေ့နိုင်မှာ မဟုတ်ဘူး၊ လိမ်လိမ်မာမာနေနော်၊ ကိုကိုစိတ်ပူရအောင် မလုပ်နဲ့"

"အဲ့ဒါဆို ခေတ်ဆီ မလာတော့ဘူးလား၊ ကိုကို့ကို လွမ်းလာရင် ဘယ်လိုလုပ်ရမလဲ"

ခေတ်လေးက မျက်နှာမသာမယာနဲ့ စူပုတ်နေပြီ။ Joy လည်း အသည်းတယားနဲ့ ပါးပြင်လေးကို ဖျစ်ညှစ်ပစ်လိုက်သည်။

"ကိုကို အချိန်ရတာနဲ့ ခေတ်ဆီ ပြေးလာမယ်၊ ကိုကို အလုပ်လုပ်တာ ခေတ်လည်း ကြိုက်တယ်မလား"

"ခေတ် ရေခဲမုန့်စားချင်ရင်ရော ချက်ချင်းလာပို့ပေးမှာလား"

"လာပို့ပေးမှာပေါ့၊ ကိုယ့်ခေတ်က ကိုကို့ VIP ပဲကို"

"တကယ်နော်၊ ကုမ္ပဏီမှာလည်း secretary ကောင်မလေး မခန့်ရဘူးနော်"

"ဘာလဲ..ခေတ်လေး မကြိုက်ဘူးလား"

"ဟင့်အင်း မကြိုက်ဘူး၊ ကိုကို မခန့်ရဘူး"

"ဟုတ်ပါပြီဗျာ၊ ဒီည ကိုကိုနဲ့ ကွန်ဒိုကို လိုက်ခဲ့ပါလား၊ နောက်ဆိုရင် ခေတ်လေးကို အမြဲတမ်း မတွေ့နိုင်တော့ဘူး"

မနေ့ညကလည်း ကိုကိုနဲ့အတူ အိပ်ပေးခဲ့တာကို ထပ်ပြီးတော့ လောဘတက်ပြန်ပြီ။ ခေတ် နားထင်ပေါ်ကို လက်ညှိုးထောက်ကာ စဉ်းစားလိုက်သည်။ ပြီးတော့မှ ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်သည်။

"ခေတ် တကယ်နော်၊ ကိုကိုနဲ့ လိုက်လာမှာ တကယ်နော်"

"ဒီတစ်ညပဲနော်၊ မနက်ကျရင် ဆိုင်ပြန်ပို့ပေး၊ စည်သူတို့က ခေတ်တို့ကို စောင့်ကြည့်နေကြတာ"

"ကြည့်ကြည့်ပေါ့၊ အဲ့လိုကြည့်လေ ခေတ်ကို အပိုင်သိမ်းချင်လေပဲ၊ ခေတ် ဆုံးဖြတ်ချက်ကို ပြန်ပြင်လို့ မရဘူးလား၊ ကိုကိုနဲ့ လက်မှတ်ထိုးထားရအောင်လေ၊ ခေတ်လေးနဲ့ အတူနေချင်ပြီ"

ကိုယ့်ရဲ့ VIP [completed]Donde viven las historias. Descúbrelo ahora