Chapter 23 ( Unicode)

17.1K 872 12
                                    

ဒီနေ့က ဆေးရုံမှာ အမြွှာလေးနှစ်ယောက်ကို Embryos Transfer လုပ်ရမယ့်နေ့လည်း ဖြစ်သလို Joy တို့တွေ မြန်မာပြည်ကို ပြန်မယ့်နေ့လည်း ဖြစ်သည်။ မနက် ၁၀ နာရီမှာ Embryos Transfer လုပ်ကြမှာမို့ Joy တို့တွေ ၁၀ နာရီမထိုးခင်မှာ Fertility Center ကို ထွက်လာကြသည်။ ဆေးရုံရဲ့ ကားပါကင်မှာ Joy တို့ကို မြင်လိုက်တာနဲ့ ဖေဖေက လက်ကို ဝှေ့ယမ်းပြလာသည်။ Joy တို့လည်း ဖေဖေ့ ကားနားရောက်တဲ့အခါ ချွဲယူနာက Joy တို့ကို ပြုံးပြကာ ကားပေါ်က ဆင်းလာသည်။ ကားအရှေ့ခန်းမှာ Driver တစ်ဦး ထိုင်နေသည်။

"သားခေတ်ရော ယောင်ဖြောင်မှာ ပျော်ခဲ့လား "

"ပျော်ခဲ့တယ် အန်ကယ်၊ အခုမှ နှင်းတွေအပုံလိုက် မြင်ဖူးတာဆိုတော့ အရမ်းပျော်တာပဲ "

"အေး ..အန်ကယ့်သားကိုလည်း အန်ကယ့်ကိုယ်စား ဂရုစိုက်ပေးပါ"

"စိတ်ချပါ၊ အန်ကယ်ပေးထားတဲ့ Joy ဆိုတဲ့ နာမည်အတိုင်း ကိုကို ပျော်ရွှင်စေရပါမယ်"

"ကျေးဇူးပါ သားခေတ်၊ သားနဲ့တွေ့မှ ဒီကောင်ကြီး ပြုံးတတ်လာတယ်၊ အခုမှ ခံစားချက်ရှိတဲ့ လူတစ်ယောက်လို ပျော့ပျောင်းလာတာ "

"ကိုကိုက အရင်က ကျောက်ရုပ်ကြီးလား အန်ကယ်"

"ကျောက်ရုပ်ထက် ပိုဆိုးတာပေါ့၊ အရယ်အပြုံးကို မရှိတာ၊ စိတ်က လက်တစ်ဆစ်၊ တစ်ခုခုဆို ပစ္စည်းတွေ ရိုက်ခွဲပစ်တာပဲ၊ သားခေတ်နဲ့ တွေ့ပြီးမှ ဒီကောင်လေး တော်တော်နူးညံ့တတ်လာတာ"

"ဟုတ်လား အန်ကယ်၊ ကိုကိုအရင်က အဲ့လိုပုံစံကြီးလား၊ ဟားဟားဟား ဟုတ်လောက်တယ်၊ ခေတ်တောင်မှ မနည်းသည်းခံနေရတာ ကိုကို့ကို"

"သည်းခံလက်စနဲ့ များများသည်းခံပေးတော့ သားခေတ်ရေ၊ သားကိုကိုကလေ စိတ်ကသာ လက်တစ်ဆစ်နဲ့ ဒေါသကြီးတာ၊ စိတ်ရင်းကောင်းရှာပါတယ် "

"ဟုတ်ကဲ့ အန်ကယ်၊ ခေတ် ကိုကို့ကို ကောင်းကောင်း ကိုင်တွယ်ပေးပါ မယ် "

ယောက္ခထီးနဲ့ သမက်က ကိုယ့်ကို အရှေ့မှာထားပြီး အတိုင်အဖောက် ညီနေတာမို့ Joy တစ်ယောက် မနေတတ်မထိုင်တတ် ဖြစ်ရသည်။

"ဖေဖေ .. ဒေါက်တာ စောင့်နေလိမ့်မယ် သွားရအောင်၊ ချွဲယူနာလည်း ရပ် စောင့်နေရတာ မကောင်းပါဘူး "

ကိုယ့်ရဲ့ VIP [completed]Onde histórias criam vida. Descubra agora