Chapter 33 ( Zawgyi)

17K 626 32
                                    

ခေတ် အရင်ရက်တွေတုန်းက စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့သမျှဟာ ကိုကို့ရင်ခွင်မှာ မှေးစက်လိုက်တာနဲ့တင် ပြေပျောက်ကုန်သည်။ စိတ်ရောလူပါ ပင်ပန်းခဲ့တာတွေကြောင့် ကိုကြီးနန္ဒရဲ့ဆေးခန်းမှာ စိတ်ချလက်ချ အိပ်လိုက်ကြတာ မိုးလင်းသွားတဲ့အထိကို တစ်ရေးပဲ။

"အဟမ်း အဟမ်း..အထဲက ညီလေးတွေ၊ ဒီအစ်ကိုကြီး ဝင်လာလို့ ရမလား"

လိုက်ကာစကွယ်ထားတဲ့ အခန်းအပြင်ဘက်မှ ကိုကြီးနန္ဒရဲ့ အသံပြု အော်သံကို ကြားရလို့ ခေတ်တို့လည်း တစ်ပြိုင်တည်း ငေါက်ခနဲ ထထိုင် လိုက်ကြသည်။

" ကိုကြီး ဝင်လာလို့ရပါတယ်၊ ခေတ်တို့ နိုးနေပြီ "

ပြန်လည်အသံပြုသံ အဆုံးမှာ ကိုကြီးနန္ဒက လိုက်ကာစကို တွန်းဖယ်ပြီး အတွင်းခန်းထဲကို ဝင်လာသည်။

"Joy သက်သာလား "

"ကိုယ်လက်တွေ နာနေတယ် ကိုနန္ဒ၊ အရိုက်ခံထားရတဲ့ အရှိန်ရော၊ မနေ့က စိတ်ကိုတင်းပြီး ကားကို တောက်လျှောက် မောင်းလာလို့ ထင်တယ်"

"အဲ့ဒါဆို အကိုက်အခဲပျောက်ဆေးတစ်လုံး ထပ်ထိုးလိုက်ဦး "

"ဟုတ် "

ကိုကြီးနန္ဒက အကိုက်အခဲပျောက်ဆေးတစ်လုံးကို ကိုကို့ကို ထပ်ထိုးပေး သည်။

"အိမ်ကို ပြန်နားချင်ရင် ပြန်ကြလေ၊ Joy ရဲ့ကားကို အစ်ကို မောင်း ပေးမယ် "

" ဟုတ် ကိုနန္ဒ၊ အဲ့ဒါဆို မောင်းပေးပါဦး "

" အဲ့ဒါဆို သွားကြရအောင် .. ထထ "

ကိုကိုက ကိုယ်လက်တွေ နာနေတယ်ဆိုလို့ ခေတ်ကပဲ ကိုကို့ကို ကားပေါ် တွဲတင်ရသည်။ ကိုကြီးနန္ဒကိုယ်တိုင် ကိုကို့ကားကို မောင်းပေးပြီး ခေတ်တို့ကို ကွန်ဒို လိုက်ပို့ပေးသည်။

"ကိုကို သတိထား၊ ကြမ်းပြင်ပေါ်မှာ ဖန်ကွဲစတွေ ရှိတယ်၊ ဒီဘက်လာ"

အိမ်ထဲဝင်ဝင်ချင်းမှာ ကြမ်းပြင်ပေါ်က ဖန်ကွဲစတွေကို နင်းမိမှာစိုးလို့ ဖန် ကွဲစတွေကို ရှောင်ဖယ်ရင်း ကိုကို့ကို အိပ်ခန်းထဲအရောက် ခေတ်ကပဲ တွဲခေါ်သွားရ သည်။ ခေတ်တို့ရဲ့ အိမ်ကလေးကို ပြန်ရောက်မှပဲ နှစ်ယောက်အတူ မျက်နှာသစ် ကြသည်။

ကိုယ့်ရဲ့ VIP [completed]Dove le storie prendono vita. Scoprilo ora