Chapter 34 ( Final)( Unicode)

25.1K 1K 31
                                    

နွေ၊မိုး၊ဆောင်း သုံးရာသီ ပုံမှန်လည်ပတ်နေတဲ့ ရာသီစက်ဝန်းမှာ ခေတ်တို့ မိသားစုသည် ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ဘဝကို တစ်ရက်ပြီးတစ်ရက် ကုန်လွန်စေခဲ့တာ အခုဆိုရင် ဆိုးလ်နှင့် ဂျယ်ဂျုလေးပင် မတ်တပ်စမ်းသည့် တစ်နှစ်သားအရွယ်ကို ရောက်လာပြီ။ ဒီနေ့က လူကြီး၊ မိဘ၊ ဆရာသမားများကို ပူဇော်ကန်တော့ကြသည့် သီတင်းကျွတ်လပြည့်နေ့။

ဒီနေ့က သီတင်းကျွတ်လပြည့် အခါကြီးရက်ကြီးနေ့မို့ ကိုကိုတို့ ကုမ္ပဏီ ပိတ်သည်။ ခေတ်တို့မိသားစုတွေ ရွှေတိဂုံဘုရားကို သွားဖူးကြမည်။ အန်တီ မိုးနတ် နွယ်ကိုလည်း သီတင်းကျွတ်ဂါရဝပြု သွားကန်တော့ကြဖို့ စီစဉ်ထားကြသည်။

"ခေတ်ရေ .. ပြီးပြီလား"

"ပြီးပြီ ကိုကို.. လာပြီ လာပြီ"

ဘုရားသွားဖို့အတွက် အမြွှာနှစ်ယောက်ကို ရေချိုးပေး၊ အဝတ်အစားလဲ ပေးနဲ့ အရင်ဆုံး ပြင်ဆင်ပေးရသည်။ ကလေးတွေအလှည့် ပြီးသွားတာနဲ့ ကိုကို ရေချိုးရသည့်အလှည့်။ ကိုကိုပြီးသွားတော့မှ ကိုကိုက ကလေးထိန်းပေးထားပြီး ခေတ်က ရေအမြန်ချိုး အဝတ်အစားလဲရသည်။

ခေတ်ကိုယ်တိုင် ယောင်္ကျားတစ်ယောက် ဖြစ်နေပေမယ့် ဆိုးလ်နဲ့ဂျယ်ဂျူ အပြင်လောကကို ထွက်လာတဲ့အခါမှာ ကလေးတွေရဲ့ ကိစ္စအဝဝကို ခေတ်ကပဲ တာဝန်ယူပေးနေရလို့ ခေတ်က အိမ်ရှင်မလုံးလုံး ဖြစ်သွားရသည်။ ဤသည်ကို မိန်းမမယူဘဲ ယောင်္ကျားယူမိခြင်း၏ ဘေးထွက်ဆိုးကျိုးများဟု ပြောလို့ရသည်။ ဒါပေမယ့် ခေတ် နည်းနည်းမှ မညည်းညူဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ရှင်မဘဝကို ခံယူထားလိုက်သည်။

ခေတ် ရေချိုးအဝတ်အစားလဲပြီးတာနဲ့ ဘုရားသွားဖို့ အဆင်သင့်ဖြစ်ပြီမို့ အိမ်ရှေ့ဧည့်ခန်းကို ထွက်လာလိုက်သည်။ ကိုကို့လက်ထဲက ဆိုးလ်လေးကို ပြောင်း ယူလိုက်သည်။ ဂျယ်ဂျူကိုတော့ ကိုကိုကပဲ ဆက်ချီထားသည်။

"ခေတ်ရေ ..မေမေ့ဆီကို မဝင်ခင် ဘုရားကိုပဲ အရင်သွားမယ်နော် "

" ဟုတ် .. ကိုကို "

ခေတ်တို့ မိသားစုတွေ ကွန်ဒိုပေါ်က ဆင်းလာကြသည်။ ကားအနောက် ခန်းမှာ ဆိုးလ်နှင့်ဂျယ်ဂျူတို့အတွက် သီးသန့်လုပ်ထားပေးသော ထိုင်ခုံနှစ်ခုံမှာ ကလေးနှစ်ယောက်ကို ထည့်ပြီး ထိုင်ခုံခါးပတ်ကြိုးကို သိုင်းပတ်ပေးရသည်။ ခေတ် ကတော့ အစဉ်အလာမပြတ် ကိုကို့ဘေးက lover seat ခုံမှာ ထိုင်လိုက်သည်။ ကိုကို လည်း ရိုးရာမပျက် ခေတ်ကို ကားခါးပတ်ကြိုး သိုင်းပတ်ပေးပြီးမှ ကားကို မောင်း ထွက်လိုက်သည်။

ကိုယ့်ရဲ့ VIP [completed]حيث تعيش القصص. اكتشف الآن