Chapter 14 ( Unicode )

20.8K 1.1K 23
                                    

ကျောက်ဝပ်ရွာရဲ့ အရှေ့အရပ်မှာ ရောင်နီတွေ ပြန်လင်းလာသည်။ နိစ္စဓူဝအတိုင်းပဲ မိုးလင်းလာတာနဲ့ အသံတွေ ဆူညံနေသည်။ ကြက်ဖတွန်သံ၊ ပဲပြုတ်သည်အော်သံ၊ ကိုတံငါတို့ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ဖို့ အော်နေကြသံ၊ ကလေးငိုသံ၊ အသံဗလံအစုံဖြင့် ကျောက်ဝပ်ရွာက အသက်ဝင်လှုပ်ရှားနေသည်။

Joy တို့တွေ ရေချိုးအဝတ်အစားပြန်လဲပြီး Guest House မှာ Check out လုပ်ကြသည်။ ရွာဈေးကို ပတ်ကြည့်ပြီး ဒေသစာ ရောင်းတဲ့ဆိုင်မှာ မနက်စာဝယ်စားကြသည်။ ထိုင်ခုံပုလေးမှာ ဝင်ထိုင်လိုက်တာနဲ့ ခေတ်လေးက ရေနွေးပန်းကန်လုံးကို ရေနွေးနဲ့ပြန်ကျင်းပြီးတော့ တစ်ရှူးနဲ့ ပွတ်သည်။ စားပွဲထိုးလို့ ထင်ရတဲ့ မည်းမည်းပိန်ပိန် ကောင်လေးက Joy တို့အနားကို ရောက်လာသည်။

"ကိုကြီးတို့ ဘာမှာမလဲ "

"ဆိုင်မှာ ဘာတွေရလဲ "

ကောင်လေးက Joy မေးတာကို ဆရာမဆီမှာ စာပြန်အံသလို အသံမျိုးဖြင့် ဆိုင်မှာရောင်းသမျှ menu တွေ အကုန် တန်းစီရွတ်ပြသည်။

"စားဖူးတာတွေ မစားချင်ဘူး၊ ထားဝယ်ဒေသစာ ဘာရလဲ"

"မုလတ်သုပ်က ဒေသစာပဲ၊ ငါးဥသုပ်လည်း ရှိတယ်၊ ကိုကြီးတို့ စားကြည့်ပါလား၊ ကြိုက်သွားလို့ ကျောက်ဝပ်ရွာက မပြန်ချင်ဖြစ်သွားမယ်"

"ဟုတ်ပါပြီကွာ၊ မင်းပြောတဲ့ဟာ တစ်ပွဲစီယူခဲ့၊ မြန်မြန်လေးနော် "

"စိတ်ချ ကိုကြီးရေ၊ ကျွန်တော်တို့က အိပ်နေတာ မဟုတ်ဘူး၊ ဈေးရောင်းနေတာ မြန်စေရမယ် ၅ မိနစ်ပဲစောင့် "

ထားဝယ်ဒေသစာဖြစ်သော မုလတ်သုပ်နဲ့ ငါးဥသုပ်ကိုပဲ မှာလိုက်ကြသည်။ ရွာဈေးဆိုတော့ အစားအသောက်မှာရင် အကြာကြီး စောင့်နေစရာမလိုဘဲ ဂျပိန်မည်းလေး ပြောတဲ့အတိုင်း ၅ မိနစ်ကြာတာနဲ့ Joy တို့ မှာထားကြတဲ့ မုလတ်သုပ်နှင့် ငါးဥသုပ်က စားပွဲပေါ်ကို ရောက် လာသည်။

မုလတ်သုပ်ကို ကြည့်လိုက်တော့ မုန့်ဖက်သားပေါ်မှာ ပါးပါး လှီးထားသော ကြက်သွန်စိမ်း၊ ခပ်ရိပ်ရိပ်လှီးထားသော ပဲတောင့်ရှည်၊ ပဲပင်ပေါက်ရေနွေးဖျောနှင့် အုန်းနို့ခေါက်ဆွဲထဲကို ထည့်စားတဲ့ မုန့်ကြွပ်လည်း ပါ သည်။ ငါးဥလည်း ပါသည်။ ငရုတ်သီး အကျက်မှုန့် အနည်းငယ် ဖြူးထားပေးပြီး အာပူလျှာပူလို ဟင်းရည်ကို နည်းနည်းလေးပဲ ဆမ်းထားကာ ပန်းကန်လုံးထဲမှာ သံပုရာသီးတစ်စိတ်ကို ထောင်ထည့်ထားသည်။

ကိုယ့်ရဲ့ VIP [completed]Onde histórias criam vida. Descubra agora