ဒီနေ့က Joy တို့ကုမ္ပဏီရဲ့ Show Room ဖွင့်ပွဲနေ့။ ဖိတ်ကြားထားသော ဧည့်သည်များ၊ အရောင်းကိုယ်စားလှယ်များ၊ ဝယ်ယူအားပေးသူများဖြင့် Show room သည် လူအများဖြင့် စည်ကားလျက် ရှိနေသည်။ ဖွင့်ပွဲကို ရှယ်ယာရှင်တွေအပြင်၊ မေမေနှင့် ကိုနန္ဒကိုပါ ဖိတ်ထားသည်။ မေမေက စိန်ပွင့်စိန်ခက်တွေ လက်လက်ထနေသော အဆင်တန်ဆာဖြင့် အထက်တန်းကျသော ဝတ်စုံကို ဆင်မြန်းလျက် Show room ကို ရောက်လာသည်။ ကိုနန္ဒကတော့ ရောက်မလာသေးပါ။
"ခေတ်ရေ ဟိုမှာ မေမေလာနေပြီ၊ သွားကြိုလိုက်ဦး"
"ဟုတ် ကိုကို..ခေတ် သွားကြိုလိုက်မယ်"
ကိုကိုက ရှယ်ယာရှင်များ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများနှင့် စကားပြောနေတာမို့ အန်တီ့ကို ခေတ်ကပဲ သွားကြိုပေးရသည်။
"အန်တီရောက်လာပြီလား၊ ကိုကိုက ဟိုဘက်နားမှာ စကားပြောနေတာ"
"မတွေ့တာကြာလို့ထင်တယ်၊ သားခေတ်က ပိုပြီးတော့ ချစ်စရာကောင်းလာသလိုပဲ"
"ကျေးဇူးပါ အန်တီ၊ ကိုကို့ရေမွှေးတွေ အားပေးသွားဦးလေ"
"အားပေးရမှာပေါ့၊ သားခေတ်က ချစ်စရာကောင်းလို့ အန်တီက ဆိုင်က ကလေးတွေအတွက်ပါ များများဝယ်ပြီး အားပေးမယ်"
"ကျေးဇူးပါ အန်တီ၊ အဲ့ဒါဆို ရေမွှေးကောင်တာကို လိုက်ကြည့်ပေးပါဦး"
"အေး အေး"
Joy သည် ဘော်ဒါတွေနှင့် စကားပြောရင်း ခေတ်နှင့် မေမေ့ကို လှမ်းကြည့်ရသည်။ မေမေတို့များ သမက်လေးနဲ့ စကားပြောနေတာ ပြုံးနေရောပဲ။ ခေတ်က ကောင်တာက ရေမွှေးပုလင်းတွေကို ထုတ်ပြနေသည်။ မေမေနှင့်ခေတ် အဆင်ချောနေတာမို့ Joy လည်း မေမေတို့ဆီ မသွားတော့ဘဲ ဧည့်သည်တွေကိုသာ ဧည့်ခံစကား ပြောနေလိုက်သည်။
"ဟေ့ကောင် သားကြီး၊ အောင်မြင်နေတယ်နော်၊ လူအများကြီးပဲ"
"ကိုလူသစ်ရာ ဖွင့်ပွဲနေ့မို့ လူစည်ကားနေတာပါ၊ အောင်မြင်တယ်ဆိုရင်တော့ ကျွန်တော်က ပျော်တာပေါ့ဗျာ"
"သားကြီး.. ငါက ရေမွှေးထက်ကို မဟေသီကို စိတ်ဝင်စားတယ်၊ ဘယ်မှာလဲ မင်းရဲ့မဟေသီ"
ESTÁS LEYENDO
ကိုယ့်ရဲ့ VIP [completed]
Ficción General[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...