Joy နှင့်ခေတ် ပုဂံကနေ ရန်ကုန်ကို ပြန်ထွက်လာကြသည်။ ညမှောင်ရီပျိုးချိန်မှာ မြေနီကုန်းမှာရှိတဲ့ ခေတ်ဓာတ်ပုံတိုက်ရှေ့ကို ရောက်လာပြီ။ Joy ကားကို လမ်းဘေးထိုးရပ်ပြီး စက်သတ်လိုက်သည်။
"ခေတ် ကိုကို့ကို ဆိုင်ထဲထပ်မခေါ်တော့ဘူးလား၊ ကိုကို့ကို ရေတစ်ခွက်ပဲတိုက်၊ ရေသောက်ပြီးရင် ပြန်မယ်"
"ရေပဲနော်၊ တခြားဟာတွေ ပါလာရင် တွေ့မယ်"
"ရေပဲသောက်မှာပါ၊ ကိုယ့်ခေတ်က စိတ်ကြီးပဲ"
ဆိုင်ခန်းတံခါးကို သော့ဖွင့်ပြီး ဆိုင်ထဲဝင်လိုက်တာနဲ့ ကိုကိုကလည်း အနောက်ကနေ ထပ်ကြပ်မကွာ လိုက်ဝင်လာသည်။ ခေတ် ဆိုင်ခန်းတံခါးကို အတွင်းဘက်ကပြန်ပိတ်ပြီး၊ အခန်းမီးကို ဖွင့်လိုက်ကာ အပေါ်ထပ်ကို ပြေးတက်လာလိုက်သည်။ လွယ်လာတဲ့ကျောပိုး အိတ်ကို ဧည့်ခန်းက စားပွဲပေါ်မှာ အရင်ပစ်ချလိုက်ပြီး ထမင်းစားခန်းကို ထွက်လာလိုက်သည်။ ရေခဲ သေတ္တာထဲက ရေတစ်ဘူးကိုထုတ်ကာ အနောက်က ကပ်လိုက်လာတဲ့ ကိုကို့ကို ကမ်းပေးလိုက်သည်။
"ကိုကို ရေသောက်မလို့ဆို သောက်ပြီးရင် ပြန်တော့"
"ခေတ်လေး ..ကလေးလေး ..ယုန်ပေါက်လေး..ကိုကို မနက်ကျမှ စောစောထပြန်မယ်လေ၊ အခု မိုးချုပ်နေပြီ၊ ဒီမှာ တစ်ည ပေးအိပ်ပါလား"
"မိုးချုပ်နေလို့နော်၊ တစ်ညပေးအိပ်လိုက်မယ်၊ မနက်ကျရင် သူများတွေ ရောက်မလာခင် ပြန်ရမယ်နော် ကြားလား "
ခေတ် တကယ်တော့ ကိုကို့ကို ဆိုင်က လူတွေနဲ့ မိတ်မဆက်ပေးရသေးဘူး။ ခေတ်တို့က အခုချိန်ထိ Silent Couple အဆင့်ပဲ ရှိသေးသည်။ ကိုကိုနဲ့ချစ်နေတာ ဆိုင်ကလူတွေ သိသွားရင် ဖေဖေ့ဆီ သတင်း ရောက်မှာစိုးလို့ ခေတ်က ကိုကို့ကို ဆိုင်ပိတ်ချိန်မှသာ ဆိုင်ထဲကို ခေါ်လာဖူးတာ။
Joy လည်း ဒီညမှာ ခေတ်လေးနဲ့ အတူတူအိပ်ချင်လို့ ပုတ်သင်ညိုလို ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက် ကာ ခေတ်ကို ကတိတွေပေးလိုက်သည်။
KAMU SEDANG MEMBACA
ကိုယ့်ရဲ့ VIP [completed]
Fiksi Umum[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...