Chapter 27 ( Unicode)

17.1K 822 11
                                    

Joyက ဒီနေ့မနက် မိုးလင်းကတည်းက ပဲခူးမှာ ရေမွှေးကြော်ငြာရိုက်ဖို့ စီစဉ်နေရတာမို့ တစ်နေကုန် မအား။ကြော်ငြာကို မိမိလိုချင်သည့် ပုံစံရအောင် ဒါရိုက်တာကိုလူသစ်ရဲ့ ဘေးနားမှာ နေနေရတာမို့ ခေတ်ဆီကို ဒီနေ့တစ်နေ့လုံး ဖုန်းမခေါ်ရသေး။ ကြော်ငြာကိစ္စ ပြီးသွားလို့ ပဲခူးမှ ရန်ကုန်ကို ပြန်ဝင်လာချိန်ကပဲ ညနေ ၄ နာရီကျော်နေပြီ။ ဒီအချိန်ဆို ယောက္ခထီးကြီးလည်း ကားဂိတ်ဆင်းသွား လောက်ပြီမို့ ဖုန်းဆက်မနေတော့ဘဲ ခေတ်ရဲ့ဆိုင်ကိုပဲတန်းပြီး ကားမောင်းလာ လိုက်သည်။ဆိုင်ရှေ့ ကားလမ်းဘေးမှာ ကားထိုးရပ်ပြီး ကားပေါ်က မဆင်းမီ ဆိုင် ဘက်ကို Joy လှမ်းကြည့်လိုက်သည်။

"တံခါးပိတ်ထားပါလား၊ ခေတ်လေး ဘယ်သွားပါလိမ့်"

ဆိုင်တံခါးက ပိတ်ထားတာမို့ ခေတ်ဖုန်းကို Joy လှမ်းဆက်သည်။ ဖုန်း မကိုင်တာမို့ စိတ်ထဲမှာ ခေတ်ကို စိုးရိမ်မိသွားသည်။ ခေတ်က အခြားကလေးတွေနဲ့ မတူဘဲ ခြူခြာတယ်လို့ ပြောလို့ရသည်။ အကြမ်းမခံဘဲ ထစ်ခနဲ့ရှိ ဖျားတတ်သည်။

"ခေတ်လေး ဖုန်းမကိုင်ပါလား၊ ဘာဖြစ်လို့ပါလိမ့်၊ ဒီကလေး နေမကောင်း များ ဖြစ်နေတာလား "

Joy ကားပေါ်ကဆင်းလာပြီး ဆိုင်အရှေ့ကို လျှောက်လာလိုက်သည်။ ဘာဂျာတံခါးကို သေချာကြည့်တော့မှ တံခါးက ပိတ်သာပိတ်ထားတာ။ အပြင်ဘက် က သော့ခတ်ထားတာ မဟုတ်။

"သြော် .. ငါ့နှယ်၊ တံခါးကို သေချာမကြည့်ဘူး၊ သော့မှ မခတ်ထားတာ "

မျက်စိမှောက်သော ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပြီး ဘာဂျာတံခါးကို Joy တွန်းဖွင့်ဝင်လိုက်သည်။ ဆိုင်ထဲ ဝင်ဝင်ချင်းမှာပင် ခေတ်ကို တွေ့သည်။

" ခေတ်လေး ခေတ် .. ဘာဖြစ်တာလဲ "

ခေတ် ကိုကို့ကိုတမ်းတရင်း ငိုနေလိုက်တာ မျက်ရည်တွေ ပြန်ခြောက်လို့ အိပ်ပျော်သွားသည်။ ကိုကို့အသံကြားမှပဲ ခေတ် နိုးသွားသည်။

"ကိုကို ပြန်လာပြီလား "

ခေတ် ကိုကို့ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး ကိုကို့ခါးကို ကျစ်နေအောင် ဖက် ထားလိုက်သည်။

ကိုယ့်ရဲ့ VIP [completed]Donde viven las historias. Descúbrelo ahora