Chapter 31 ( Unicode)

15.7K 785 21
                                    

Joy အခန်းတံခါးပေါက်ဝမှာ ရပ်နေကာ တံခါးပေါ်မှာ တပ်ဆင်ထားသော လူခေါ်ဘဲလ်ကို တစ်ချက်နှိပ်လိုက်သည်။ Door Lock password သိပေမယ့် ခေတ်လေး တံခါးလာဖွင့်ပေးမှ အိမ်ထဲကိုဝင်တတ်တာ အကျင့်ဖြစ်နေပြီမို့ လူခေါ် ဘဲလ်ကို နှိပ်လိုက်ရတာ။

တင်း .. တောင် !

အရင်ဆို လူခေါ်ဘဲလ်ကို တစ်ကြိမ်နှိပ်ရုံနဲ့ ခေတ်လေးက တံခါးလာဖွင့် နေကြ။ အခုကျ ခေတ်က တစ်ကြိမ်နှင့် လာမဖွင့်၍ လူခေါ်ဘဲလ်ကို နောက်ထပ် တစ်ကြိမ် ထပ်နှိပ်လိုက်သည်။

"ဘဲလ်သံကို မကြားဘူးဆိုတော့၊ ဒီကလေး ရေချိုးနေတာလား "

နောက်ဆုံးသော စောင့်ဆိုင်းခြင်းအနေနဲ့ ၃ ကြိမ်မြောက်ကို ထပ်နှိပ် လိုက်သည်။ မျက်လုံးကလည်း နာရီလက်တံကို တစ်ခါတည်း ကြည့်သွားသည်။

" 57 58 59 60 ၊ တစ်မိနစ် ပြည့်သွားပြီ၊ ခေတ်လေး လာမဖွင့်ရင် ကိုကို ဖွင့်တယ်ကွာ၊ ဘာဖြစ်လဲ ဟား ဟား "

ခေတ်လေး အိမ်တံခါးလာမဖွင့်ပေးတာကို ကိုယ့်ဘာသာ ဟာသလုပ် ရယ်မောရင်း password ကို ရိုက်ထည့်ပြီး အိမ်ထဲဝင်လာလိုက်သည်။

ဂျွတ် !

စီးထားသော လယ်သာ ရှူးဖိနပ်နှင့် နင်းမိသော အရာကို ခေါင်းငုံ့ကြည့် လိုက်တဲ့အခါ ဖန်အကွဲစတွေ ဖြစ်နေသည်။ သေချာတာက သံပုရာအနံ့ ရနေသော ရေတွေပါ ကြမ်းပြင်ပေါ် အိုင်ထွန်းလျက်။

" ခေတ် .. ခေတ်လေး "

Joy ဖန်အကွဲစကို မြင်လိုက်တာနဲ့ ရင်ကို ခွဲထုတ်ပြီး နှလုံးသားတစ်ခုလုံး အရှင်လတ်လတ် ဆွဲထုတ်ခံရသလို နာကျင်မိသည်။ သံသယစိတ်တွေကို စွဲချက် တင်လို့ရအောင် ခိုင်မာသွားစေတာက ကြမ်းပြင်ပေါ်မှာ ထပ်တွေ့ရသော တစ်စစီ ပြုတ်ထွက်နေတဲ့ ခေတ်ရဲ့ ဖုန်းလေး။

"ခေတ်..ခေတ်လေး.. ကိုကိုမရောက်ခင် ခေတ်ကို ခေါ်သွားကြတာလား "

ဖိနပ်စင်မှာ ခေတ်ရဲ့ ဖိနပ်ကိုလည်း တွေ့နေရသည်။ ဒါဆိုရင် ခေတ်က အိမ်ထဲမှာလား။ ကမ္ဘာမီးလောင်နေသလို ရင်တစ်ခုလုံး ပူလောင်လာလျက် တစ်အိမ် လုံးမှာ ရှိတဲ့ အခန်းတွေကို ဝင်ရှာလိုက်သည်။ ခေတ်နှင့် တူသောအရိပ်အယောင် ရယ်လို့ စိုးစဉ်းမျှမရှိ။ ဝိုင်ဘားပေါ်မှာ အဆင်သင့် ပြင်ထားသော ညစာစားပွဲနှင့် နာရီ ၁ လုံးကိုပါ တွေ့ရသည်။

ကိုယ့်ရဲ့ VIP [completed]Hikayelerin yaşadığı yer. Şimdi keşfedin