ခေတ်တို့တွေ ယောင်ဖြောင်ကို ခရီးထွက်လာကြသည်။ လမ်းဘေးရှုခင်းကို ငေးရင်းငေးရင်း ကိုကိုမောင်းတဲ့ကားပေါ်မှာ ခေတ်က သီချင်းဆိုရင်း ပါလာသည်။ ဆိုးလ်က ထွက်လာပြီး ယောင်ဖြောင်ကို ဦး တည်မောင်းလာတာ ၃ နာရီကြာသွားတာနဲ့ ရာသီဥတုက အေးစိမ့်တက်လာသည်။ ကိုကိုက ယောင်ဖြောင်ကိုသွားတဲ့ လမ်းတစ်လျှောက်မှာ တောင်တန်းအသွယ်သွယ်ကို ကျော်ဖြတ်မောင်းနေသည်။
"ဟိုအရှေ့က တောင်က တစ်တောင်လုံး ဘာမှမမြင်ရဘူးနော်၊ ဖြူဖြူကြီးပဲ မြင်ရတယ်၊ နှင်းတွေ ဖုံးနေတာလား ကိုကို"
"အဲ့ဒါ ကိုကိုတို့ သွားမယ့်နေရာလေ၊ Snow Ski Resort ကို အဲ့ဒီတောင်မှာ ဖွင့်ထားတာ"
"အဲ့ဒါဆိုရင် ရောက်တော့မှာပေါ့နော်"
"နည်းနည်းလိုသေးတယ်၊ ဒီတောင်ကိုဖြတ်ပြီးရင် ခဏနားရအောင်"
ကိုကိုက ဆိုးလ်ကနေ ၃နာရီဆက်တိုက် မောင်းလာတာမို့ ကားကို အနားပေးတဲ့အနေနဲ့ လမ်းဘေးတစ်နေရာမှာ ကားကို ထိုးရပ်လိုက်သည်။ ကိုကို ကားပေါ် က ဆင်းတော့ ခေတ်ပါ အတူလိုက်ဆင်းသည်။
"ကိုကို ခဏနော်"
"ခေတ် ဘယ်သွားမလို့လဲ၊ ဒီလမ်းမှာ လူပြတ်တယ်၊ လျှောက်မသွားရဘူး"
"လျှောက်မသွားပါဘူး၊ ခေတ် မနက်က သောက်လာတဲ့ ကော်ဖီတွေက ထွက်ချင်လှပြီလို့ တောင်းဆိုနေလို့ အသွင်ပြောင်းကော်ဖီကို ဟိုဘက်နားမှာ သွားထုတ်လိုက်ဦးမယ်"
"အမ် ..အသွင်ပြောင်းကော်ဖီ"
Joy ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ ခေတ်ကတော့ ကားအနားက ပြေးထွက်သွားကာ အသွင်ပြောင်းကော်ဖီကို ခြုံပုတ်အနားမှာ ပန်းထုတ်နေလေသည်။
ကိုကို့အနားက ပြေးထွက်လာပြီး မမြင်ကွယ်ရာ ခြုံပုတ်အနားမှာ ခေတ် မတ်တပ်ရပ်နေလိုက်သည်။ ခေတ်ရဲ့ ခြေထောက်အနားမှာ နှင်းတွေ အပုံလိုက်။ ခေတ်လည်း မအောင့်နိုင်တော့လို့ နှင်းပုံတွေပေါ်ကိုပဲ ရှူးရှူးကော့ပန်းပစ်လိုက်သည်။
Joy ကားအနားမှာပဲ ရပ်နေပြီး ခြုံပုတ်အကွယ်က ခေတ်လေးကို ကြည့်နေတာ။ ဒီကလေး ဘာလို့အငြိမ်မနေဘဲ လှုပ်စိလှုပ်စိ လုပ်နေတာလဲ။ ပါးစပ်ကလည်း ဘာတွေရွတ်နေမှန်းမသိအောင် ပွစိပွစိရွတ်နေတာ။ ခေတ်လေးက ရှူးရှူးကော့ပန်းနေတာတောင် အငြိမ်မနေ။လှုပ်စိလှုပ်စိလုပ်နေတာမို့ Joy မှာ ခေတ်လေးကို စိုးရိမ်သွားတာနဲ့ အနောက်ကနေ လိုက်လာရသည်။
ESTÁS LEYENDO
ကိုယ့်ရဲ့ VIP [completed]
Ficción General[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...