Prologue ( Zawgyi )

29.7K 1.4K 11
                                    

ပြောင်းလဲမှုတွေများတဲ့လောကကြီးမှာ
မပြောင်းမလဲချစ်မိသူက တစ်ယောက်တည်းပါ
ကျွန်တော် သူ့ကို သိပ်ချစ်တာပေါ့
ကျွန်တော် ပြဋ္ဌာန်းထားတဲ့ အချစ်ဋီကာမှာ
ချစ်မြတ်နိုးမှုအပြင် အချစ်တစ်ခု တည်မြဲဖို့
သစ္စာတရားကိုပါ ထည့်သွင်းထားခဲ့တာ
အချစ်ငတ်မွတ်တဲ့ သူ့မြေယာမှာ
ကျွန်တော်က အချစ်မျိုးစေ့တွေ
ကြဲပက်ပေးချင်တာ။

# ခေတ်

အချစ်တွေ ပေါများလွန်းတယ်လို့
လူတွေ မြင်ကြတာကို ကျွန်တော် မငြင်းပါဘူး
ကျွန်တော်က အချစ်ကို တွေ့နိုးနဲ့ ရှာဖွေရင်း
အတုအယောင် နွံတွေကြားမှာ
အချိန်အတော်ကြာ နစ်မြုပ်နေခဲ့တာ
ကျွန်တော်က အလည်လွန်အချစ်ငှက် ဘဝနဲ့
ဘယ်ရင်ခွင်မှာပဲ ခိုဝင်ခဲ့ ခိုဝင်ခဲ့
ယောင်္ကျားလေးတစ်ယောက်ရဲ့ ရင်ခွင်ဟာ
ကျွန်တော် အချစ်ရဆုံးရင်ခွင်
ကျွန်တော့်ရဲ့ နောက်ဆုံးသော
ခရီးဆုံး ဘူတာအိုလေးပါပဲ။

#Joy (ဂျွိုင်း)

ကိုယ့်ရဲ့ VIP [completed]Onde histórias criam vida. Descubra agora