ကိုကို့ကို အချုပ်ခန်းထဲကလွှတ်ပေးရင် ခင်လေးမွန်ကို လက်ထပ်ပါ့မယ် လို့ ဖေဖေ့ကို ကတိပေးပြီးတဲ့နောက်မှာ ခေတ်ရဲ့အခန်းတံခါးကို ဖေဖေ သော့မခတ် တော့ပါ။ ခေတ်ထွက်ပြေးရင် ကိုကိုတကယ်ပဲ ထောင်ကျမှာမို့ ခေတ်လည်း ထွက် မပြေးတော့ပါ။
ပြတင်းပေါက်ကို အပြင်ဘက်က ထုတ်တန်းတွေခံပြီး ရိုက်ပိတ်ထားတဲ့ အခန်းထဲမှာပဲ အသက်မရှိတော့တဲ့ လူတစ်ယောက်လို နံရံကိုကျောမှီပြီး အရုပ် ကြိုးပြတ် ထိုင်နေမိသည်။ လွန်ခဲ့သောနှစ်ရက်က အင်္ကျီအဖြူနှင့် ယောပုဆိုးကို အတင်းဝတ်ပေးပြီး ခင်လေးမွန်တို့အိမ်ကို စေ့စပ်ပွဲဆိုပြီး ခေတ်ကို ခေါ်သွားကြ သည်။
မနက်ဖြန်က လက်ထပ်ပွဲ။ ပုဂံသံတဲဟိုတယ်မှာ ကျင်းပတော့မည့် အချစ် မပါတဲ့ လက်ထပ်ပွဲ။ ခင်လေးမွန်နဲ့ လက်မထပ်ရသေးလို့ ကိုကို့ကိုလည်း အချုပ် ခန်းထဲမှ ဖေဖေ မလွှတ်ပေးသေးပါ။ မင်္ဂလာပွဲ ပြီးသွားတော့မှ ဒီအကြောင်းတွေများ ကိုကိုသိသွားရင် ခေတ်ကို နာကျည်းမုန်းတီးသွားမှာ သေချာသည်။ ကိုကို့ရဲ့ အချစ် ဆုံးကနေ ၅ ရက်အတွင်း ခေတ်က ကိုကို့အမုန်းဆုံး ဖြစ်ရတော့မည်။
ကျွီ !
သော့မခတ်ဘဲ စေ့ပိတ်ထားသောတံခါးကို တွန်းဖွင့်ပြီး ခေတ်ရဲ့ အိပ်ခန်း ထဲဝင်လာသူက ခေတ်ရဲ့မေမေ ဒေါ်သူဇာပါ။
"သားခေတ်..ထမင်းစားပါဦး သားရယ်၊ စေ့စပ်ပွဲလည်း ပြီးသွားပြီပဲ၊ မနက်ဖြန် လက်ထပ်ရမှာကို"
မနက်စာဆိုပြီး အရီးလေးတင်တင်က လင်ဗန်းနဲ့လာပို့ပေးသွားသည့် ထမင်းနှင့်ဟင်းပန်းကန်တွေက စားပွဲပေါ်မှာ ဒီအတိုင်း။ ဒီလိုအချိန်မှာ ဘယ်လို စိတ်မျိုးနဲ့ ခေတ်က ဒီထမင်းကို စားနိုင်မှာလဲ။ ကိုကိုက သံတိုင်တွေ အနောက်မှာ ရောက်နေချိန်မှာ ခေတ်က ဘယ်လိုစိတ်မျိုးနဲ့ ထမင်းစားနိုင်မှာလဲ။
"သားရယ်..အချစ်က ဘဝမှာ အဲ့လောက် အရေးမပါဘူး သားရဲ့"
မေမေ မသိလို့ပါ။ ခေတ်အတွက် အချစ်က ဘဝမှာ ၉၉.၉၉ ရာခိုင်နှုန်း အရေးပါသည်။ လူတွေ ဝိုင်းဖျက်ကြတဲ့ သဘာဝလွန် ချစ်ခြင်းမေတ္တာမို့လို့ ကိုကို့ကို ရူးမတတ်ချစ်ရပါသည်။ အချစ်မရှိတဲ့ ခေတ်ဘဝက ရှင်လျက်နဲ့ သေရတော့မယ် ဆိုတာ မေမေတို့မှ မသိတာ။
ESTÁS LEYENDO
ကိုယ့်ရဲ့ VIP [completed]
Ficción General[Unicode] Broken family က မွေးဖွားလာတဲ့ အချစ်ကို ရှာဖွေနေတဲ့ကောင်လေးတစ်ယောက်နှင့် ဘောင်တွေစည်း မျဉ်းတွေကြားမှာ မနေနိုင်လို့ မိဘအိမ်ကထွက်လာတဲ့ ကောင်လေးတစ်ယောက် ။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာ ထားရှိခဲ့ကြတဲ့ ကတိသစ္စာတွေ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ဦး...