Chapter 5 ( Unicode )

28.6K 1.5K 11
                                    

ဒီနေ့က တနင်္ဂနွေမို့ ခေတ် အလုပ်နားသည်။ တစ်ပတ်မှ တစ်ရက်ရတဲ့ အလုပ်နားရက်မို့ နေမြင့်တဲ့အထိ အိပ်နေလိုက်သည်။ နားထဲမှာ အဆက်မပြတ် မြည်လာတဲ့ဖုန်းသံကိုကြားမှ ခေတ်နိုးသွားသည်။ ဖုန်းခေါ်သူက ကိုကို။

"ဟယ်လို ကိုကို"

"ခေတ် နိုးပြီလား၊ ဒီနေ့ ကိုကိုတို့ ရုပ်ရှင်သွားကြည့်ကြမလား"

"ကြည့်လေ.. ခေတ်ကို လာခေါ်ပေး"

"အဲ့ဒါဆို ကိုကို လာခေါ်မယ်၊ ဆိုင်ရှေ့ရောက်ရင် ဖုန်းပြန်ဆက်ပေးမယ်"

"ဟုတ် ကိုကို၊ အဲ့ဒါဆို ဒါပဲနော်"

ကိုကိုနဲ့ ဖုန်းပြောပြီးတာနဲ့ ခေတ် အိပ်ရာထလိုက်သည်။ အပြင်သွားဖို့ ပြင်ဆင်သည်။ ခေတ်ရဲ့ဆိုင်က မြေနီကုန်းမှာ၊ ကိုကိုက စမ်းချောင်းမှာ နေတာ။ ကိုကိုက ဆိုင်ရှေ့ရောက်လာချိန်မှာ ခေတ်ကို ဖုန်းပြန်ခေါ်ပေးသည်။ ခေတ်လည်း ဆိုင်တံခါးပိတ်ပြီး ကိုကို့ကားပေါ်ကို ပြေးတက်လာလိုက်သည်။

Joy တို့တွေ ရုပ်ရှင်ရုံမှာ လက်မှတ်ဝယ်ဖို့ တန်းစီကြသည်။ ရုပ်ရှင်ရုံရဲ့ နောက်ဆုံးအတန်းမှာပဲ ထိုင်ချင်လို့ Couple ခုံကို လက်မှတ်ဖြတ်လိုက်သည်။ ကိုယ့်အကြံအစည်နှင့်ကိုယ်မို့ Joy ကြိတ်ပျော်နေသည်။

"ရုပ်ရှင်ကြည့်ရင်း ပေါက်ပေါက်စားမလား ခေတ်"

"မစားဘူး ကိုကို၊ ရေခဲမုန့် ဝယ်ကျွေး"

"ဒီမှာခဏစောင့်၊ ကိုကို သွားဝယ်လိုက်မယ်"

ခေတ်လေးသည် အသက်ကသာ ၂၂ နှစ် ပြည့်တော့မှာ။ ရေခဲမုန့်ကို အရမ်းကြိုက်တာ Joy သိနေပြီ။ အဲ့ဒါကြောင့် ချစ်သူအကြိုက် ရေခဲမုန့်ကို ဝယ်ကျွေးရသည်။ ရုပ်ရှင်ပြချိန်မှစပြီး ခေတ်လေးက ရုပ်ရှင် ကြည့်ရင်း ရေခဲမုန့်စားသည်။ Joy က ပိတ်ကားအ လင်းရောင်နဲ့ ခေတ်လေးကို ကြည့်ကာ အသံမထွက်အောင် ကြိတ်ရယ်လိုက်သည်။

"ခေတ်လေး ဒီဘက်လှည့်ဦး၊ ရေခဲမုန့် ကျွေးဦး"

" အင့်..တစ်ကိုက်စား"

ခေတ်က Joy ဘက်ကိုလှည့်ကာ စားလက်စ ရေခဲမုန့်ကို ထိုးပေးလာသည်။ Joy က ရေခဲမုန့်ကို ကိုက်မစား၊ ခေတ်ရဲ့လည်တိုင်လေးကို ဆွဲကိုင်ယူကာ ခေတ်နှုတ်ခမ်းပေါ်မှာ ပေကျံနေတဲ့ ရေခဲမုန့်အပေတွေကို လျှာနဲ့သိမ်းလျက်ပစ်လိုက်သည်။ Joy ကြောင့် ခေတ်လေးမှာ မျက်လုံးတွေပင် ပြူးကျယ်သွားသည်။

ကိုယ့်ရဲ့ VIP [completed]Wo Geschichten leben. Entdecke jetzt