2
17K 2.2K 154
"ဒါဆို ကိုယ်သွားတော့မယ်နော် ရထာ"
ရထာ့အလုပ်ရှေ့ရောက်ပြီမို့ ကားပေါ်ကမဆင်းတော့ဘဲ ရထာ့အားနှုတ်ဆက်လိုက်သည်။ ရထာက ချစ်ရတဲ့အပြုံးလေးကို လက်ဆောင်ပေးပြီး......
"အင်း ဖြည်းဖြည်းမောင်း"
"စိတ်ပူတယ်ပေါ့ "
အနှောင့်အသွားမလွတ်တဲ့ နေစောစကားကြောင့် လက်သီးထောင်ပြလိုက်သည်။ နေစောက သဘောတကျရယ်ကာ ဆံပင်ကို လာဖွတော့မည်ပြင်နေတာကြောင့် မကြိုက်သလို ခေါင်းကိုနောက်ယို့ရှောင်ဖယ်မိသည်။ ဒီလိုမျိုးတွေ လာမလုပ်ပါနဲ့တော့ နေစော။
ရှုံ့ချမှု များတဲ့ယောကျာ်းခြင်းဆိုတဲ့အရာကို အတူလက်တွဲချစ်ကြိုက်ခဲ့ပြီးမှ မိန်းမတစ်ယောက်နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့ဖူးတဲ့မင်းကို ပြန်လက်မခံပါရစေနဲ့။
ထိုကဲ့သို့ ရထာ့ရဲ့မကြိုက်ဟန်ရှောင်ဖယ်ခြင်းသည် နေစောရင်အား အားပါသော ခြေကန်ချက်များဖြင့် အကြိမ်ကြိမ်စောင့်ကန်လိုက်သလို နာကျင်ရသည်။
ငိုချင်သောစိတ်အားထိန်းကာ..
"သွား..သွား ပြီနော်"
"အင်း.."
နှုတ်ဆက်ခြင်းသည် မြန်မာလူမျိုးတွေအတွက် ဒီလောက်အထိ အချိန်ပေးယူရသလားဟု song စဉ်းစားနေမိသည်။ တာ့တာ့လို့တစ်ခွန်းတည်းပြောဖို့အရေးကို ဘာတွေကဒီလောက်ကြာရှည်နေပါလိမ့်။ ထို့ထက် သူတို့နှစ်ယောက်သည်လည်း တစ်ခုခုသော ဆက်ဆံရေးရှိသလားဟု songတွေးနေမိသည်။ ထိုအတွေးများထက်ပိုတွေးမိသည့် အကြောင်းကတော့ ပူလွန်းလှသည့် မြန်မာနိုင်ငံရဲ့နွေရာသီမှာ အမိုးမပါဘဲ ရပ်နေရခြင်းပင်။ အထဲကိုသွားလို့မရသေးဘူးလား။
"ဟေ့..ငါတို့ အထဲကို သွားသင့်ပြီ ထင်တယ် ရမ်းထော"
လှည့်ကြည့်လာသည့် မျက်နှာလေးသည် အပူရှိန်ကြောင့် နီရဲနေသည်ဟု ထင်မိသည်။ မျက်မှောင်ကုတ်ထားပေမယ့် ဘာမှတော့ပြောမလာ။ သွားကြစို့ဟုသဘောဆောင်သည့် နောက်က PT နိုင်ငံခြားသားဧည့်လမ်းညွှန်စင်တာကို လက်ညိုးထိုးပြလိုက်တော့ ဆက်တောက်ဆတ်တောက်နဲ့ သူကအရင်ဝင်သွားသည်။