မိမိနားမလည်သောဘာသာဖြင့် တစ်ခုခုကို ဆက်တိုက် ရေရွတ်နေသည့်အသံကြောင့် song နိုးလာသည်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်ရတာက ကျွန်းသစ်သားကြမ်းခင်းပြင်။ အကြောတစ်ချက်ဆန့်ကာ ဘေးက နာရီကိုယူကြည့်တော့ ခြောက်နာရီထိုးပြီ။ ဟိုတယ်ဆိုရင် ဆက်အိပ်လို့ရသေးပေမယ့် အခုတော့ အိမ်ရှင်ကတောင် နိုးနေလျက်ရှိပြီး တစ်ခုခုကို ရေရွတ်နေကြောင်း အသံကြားနေရတာကြောင့် ထရတော့သည်။
မျက်နှာသစ်ရေချိုး ပြင်ဆင်ပြီးသည်အထိ ထိုရေရွတ်သံသည် တိတ်မသွားသေး။ အခန်းထဲကထွက်လာကာ အပေါ်ကိုတက်ခဲ့တော့ ဘုရားစင်အရှေ့မှာ ကန်တော့နေသည့် ရန်ထာကို တွေ့သည်။ ဪ ဒါဆို ဘုရားရှိခိုးနေတာပေါ့။ ကန်တော့ချိုးကို သိချင်တာကြောင့် ဘေးကနေ ရပ်ကြည့်နေမိသည်။
ကန်တော့ချိုးထက် မိမိသတိထား ကြည့်နေမိတာက ရန်ထာဆိုတဲ့ ကောင်လေးမျက်နှာကိုပင်။ ဒီလို အလုပ်တစ်ခုကို အာရုံစူးစိုက်လုပ်လျှင် တည်ကြည်သည်။ အညာသားပီပီ အသားအရေကအရမ်းဖြူတဲ့ဘက်မရောက်။သို့ပေမယ့် ဝင်းသည်။ နှာတံစင်းစင်းနဲ့ မျက်လုံးဝိုင်းသည် သူ့မျက်နှာရဲ့ ချစ်စရာ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်ကတော့ ယောကျာ်းလေးဖြစ်ပေမယ့်သေးသည်။ ဒါကတော့ကိုယ့်အယူပေါ့။ ကိုယ့်လူမျိုးထဲမှာ ဒီလိုသေးသွယ်တဲ့သူမရှိ။ ရှိတော့ရှိသည် သို့ပေမယ့် ရန်ထာ့ထက်တော့
အရွယ်ကြီးသည်။ အကဲဖြတ်နေတုန်းပင် ရန်ထာ ဘုရားရှိခိုးတာပြီးသွားလေပြီ။
"ကျက်သရေတုန်းပြီ"
ဘုရားရှိခိုးပြီးချင်း ဘေးကိုလှည့်ကြည့်မိတော့ ကျက်သရေမရှိသည့် songမျက်နှာ။ မြန်မာလို ပြောတော့ ဟိုက နားမလည်ကြောင်း ပခုံးတွန့်ပြသည်။
"ရောက်နေတာကြာပြီလားလို့ပြောတာ"
သူလည်းနားမလည်တာမို့ ဖောလျော လုပ်လိုက်လို့ရသည်။
"နည်းနည်းကြာတယ်"
"ဪ ဒါနဲ့ ဒီဟာ"
ဘုရားစင်ကနေ ခပ်လှမ်းလှမ်းမှာ ချထားသည့် ပုဆိုးထုတ်နဲ့ အင်္ကျီထုတ်ကိုယူပြီး songဆီပေးလိုက်သည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ