Suri_19.1.2020က ရေးခဲ့တဲ့ ရေမြေခြား၍ ချစ်မိသော်လည်းဆိုတဲ့ ဝတ္ထုလေးက 4.11.2020မှာ ပြီးသွားပြီပေါ့။ ပထမဆုံး ကျေးဇူးတင်လွှာရဲ့ စကားကတော့ ဒီဝတ္ထုလေးဖြစ်အောင် အဘက်ဘက်က ပံ့ပိုးပေးကျတဲ့ ကိုယ့်ဆွေမျိုးတွေ။ အထူးသဖြင့် ရေးတဲ့တစ်နေရာချင်းရဲ့ နေရာတွေကို စာဖတ်သူတွေကိုပြနိုင်ဖို့ရာ ကားခသက်သက်သာသာနဲ့ လိုက်ဖို့ပေးခဲ့တဲ့ အဘဦးအေးလှိုင်၊ ပြီးတော့ နေပူမိုးရွာမရှောင် မန္တလေးကကျောင်းတိုက်တွေကို လိုက်ပို့ခဲ့တဲ့ ညီမရဲ့အမအရင်း မမေချို ၊ ကိုယ့်ရဲ့ ခဲအို ကိုကျော်ဇင်ဟိန်း၊ ပြီးတော့ ကိုယ့်ရဲ့သူငယ်ချင်း မြတ်သက်ချိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ လန်ဒန်ရဲ့သမိုင်းတွေကို ဘာသာပြန်ပေးတဲ့ အမရွှေရည်ဝင်း။ အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။ ရေမြေခြားက ဒီလူတွေရဲ့အကူအညီတွေနဲ့ အကောင်းဆုံးရှင်သန်နိုင်ခဲ့ပါပြီ။ ညီမဘဝရဲ့ ဂုဏ်ယူရတဲ့ လုပ်ရပ်ဆို ရေမြေခြားရေးခြင်းကို လက်ညိုးထိုးပြမိမယ်။ ကြိုးကြိုးစားစား လုံ့လစိုက်ရေးခဲ့တာမို့ ဖတ်ပေးသူ၊လက်ခံပေးသူတစ်ယောက်ချင်းကို ကျေးဇူးတင်ပါတယ်။ ရေမြေခြားရဲ့ ရှင်သန်ခြင်းမှာ စာဖတ်သူတွေရဲ့ ပံ့ပိုးအားတစ်ဖက်ကတော့ မပါမဖြစ်ပါ။ စာအုပ်လေးအဖြစ် နောက်နှစ်ထဲပုံသွင်းမှာဆိုတော့ စောင့်နေပေးပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်၊ ဒါဆို ဇာတ်ကောင်တွေရဲ့ ကျေးဇူးတင်စကားလေး နားထောင်လိုက်ပါဦးနော်။ ရထာက စရအောင်။
ရထာ_ကိုယ်တို့ကိုဖတ်ရတာ ပျင်းတယ်ဟုတ် ဟဲဟဲ စတာပါ။ ဘာပဲဖြစ်ဖြစ် ရေမြေခြားကိုစရေးခြင်းရဲ့ suriရဲ့ ရည်ရွယ်ချက်က မန္တလေးရဲ့သမိုင်းတွေအစဉ်အဆက်တွေကို သိစေချင်တာမို့ ဒီလောက်တော့ရှိမှာတော့။ ပြီးတော့ songနဲ့ကိုယ့်ရဲ့ လက်မလျော့ခဲ့တဲ့အချစ်ကို ဒုတိယတစ်ချက်အနေနဲ့ပြချင်ခဲ့တာပေါ့။ ကိုယ်ကတော့ ဒီဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်ရခြင်းအတွက် ကျေနပ်မိပါတယ်၊ မန္တလေးကိုရောက်ရင် ကိုယ်တို့သွားခဲ့တဲ့နေရာတွေကို သွားဖြစ်အောင် သွားပါလို့တိုက်တွန်းရင်း နှုတ်ဆက်လိုက်ပါတယ်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ