ဝါး!!!!
မြန်မာဟင်းတဲ့။ မွှေးရနံ့သင်းသင်း မြန်မာဟင်းတွေကို ကြည့်ရင်း လန်ဒန်သားနှင့်လန်ဒန်သူတို့ မျက်ခုံးတပင့်ပင့် စားချင်စိတ်လွန်သောရွှန်းစားစားအကြည့်များဖြင့် ကြည့်နေကြသည်။ မြန်မာမှာနေတုန်းကအဝစားခဲ့သည့်songထက် တစ်ခါမှမစားဖူးသည့် deanနှင့်ellaအကြည့်တွေက ပို၍စိတ်ဝင်စားဟန်ရှိသည်။
"ဘာဟင်းတွေလဲဟင်"
ellaက သိချင်စိတ်ပြင်းပြသဖြင့် ထုတ်မေးသည်။
"ဒါက လက်ဖက်သုတ်၊ဒါကကြက်သားနဲ့အာလူးရောထားတဲ့ကြက်သားသပြွန်း၊ပြီးတော့ဒါက ငါးခြောက်ချက်၊ မြန်မာမှာတော့ ဈေးပေါပေါပဲပဲနဲ့ရပေမယ့် ဒီကမြန်မာဆိုင်တွေကတော့ ဈေးကြီးလိုက်တာ၊ နောက်တစ်ခါကျ ဦးဖေတို့ကိုပို့ခိုင်းရမယ် စားကျတော့လေ အဝစား အားမနာနဲ့"
"ကျေးဇူးပါ"
ရထာက စားဖို့တိုက်တွန်းတော့ ellaက ကျေးဇူးတင်စကားဆိုပြီး လက်ဖက်သုတ်တစ်ဇွန်းနှိုက်စားသည်။ ကောင်းသည့်အရာကြောင့် မင်သက်မျက်လုံးပြူးကာ လက်မထောင်ပြလာတော့ ရထာပြုံးမိသည်။မြန်မာအစားအစာကို
ကြိုက်ကျသားပဲ။
"ရော့ စား ရထာ"
ပန်းကန်ထဲကို songက ကြက်သားသပြွန်းအရည်လေးစမ်းပေးကာ ကြက်သားတစ်တုံးကို ထည့်ပေးသည်။ ထို့အတူ deanကလည်း နေစောပန်းကန်ထဲကို ကြက်သားတုံးထည့်ပေးသည်။ နေစောကတော့ မငြင်းဘဲ ထည့်ပေးသည့် ကြက်သားတုံးကို စားနေတာမို့ deanမှာ ပျော်မဆုံး။
"ကိုယ့်နေရောင်ခြည်လေးကော notting hillကို လိုက်မှာလား"
"မလိုက်ဘူး"
"ဟာ ဘာလို့လဲ"
"ပျင်းလို့"
"ပျင်းရင်လိုက်ခဲ့လေ အဲ့ကလှတယ်"
တကူးတကခေါ်နေပေမယ့် နေစောကတော့ ခေါင်းယမ်းကာငြင်းမြဲဖြစ်သည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ
