22
7.8K 1.2K 168
ဆိတ်ငြိမ်ခြင်းက ဘေးစီတစ်ဝိုက်မှာ ရိပ်ခိုနားဆက်နေသည်။ မျှော်လင့်နေတယ့် songမျက်နှာကို မြင်ရလေတော့ ရထာ့စိတ်မှာ ပို၍ လေးလံလာမိသည်။ songမျက်နှာကိုပဲ
တွေတွေငေးလျက် 'ချစ်တယ်'ဆိုသော စကားကိုဖွင့်ပြောဖို့ အတော်အားယူရသည်။ ဘာလို့ မပြောနိုင်ရတာလဲ။ ရင်ထဲကနေ ဖွင့်ဟပြောမည့် ချစ်စကားတွေအား ဦးနှောက်က တသီသီ ဖွဲ့နွဲ့စီကုံးထားပေမယ့် နှုတ်ခမ်းကမရဲလာသေး။
ယုံယုံကြည်ကြည်နှင့် ဘဝကိုအပ်နှင်းထားပြီမှ ပစ်ပစ်ခါခါထားခဲ့ခံရလို့ ကြေကြေကွဲကွဲဖြစ်ခဲ့ရတဲ့ ရက်တွေ။ အမြင်လွှာထဲ ခံစားခဲ့သမျှ တစ်ခုစီပြန်ပေါ်လာသည့်အခါ ‌
ကြောက်ရွံခြင်းက တစ်ကိုယ်လုံးပြန့်လာ၍ သက်သေအဖြစ် မျက်ရည်တစ်ချို့က ပါးပြင်ပေါ် 
ပျော်ရွှင်စွာ မြူထူးခုန်ပေါက်သည်။ ပြောလိုက်စမ်းပါ မင်းရထာ။ ပြောလိုက်လေ။ မင်းချစ်တဲ့သူကို ချစ်တယ်လို့ ပြောရမှာလေ။ နာကျင်မှုကို မခံနိုင်တော့သည့်အဆုံးမှာတော့ မျက်နှာကို လက်ဖဝါးနှစ်ဖက်နှင့် အုပ်၍ ရထာငိုကြွေးမိသည်။
"တောင်းပန်ပါတယ် song ငါ .... ငါ"
songလန့်သွားရသည်။
"ရထာ! ဟေး မငိုနဲ့လေ"
"တောင်းပန်ပါတယ် song"
"မဟုတ်တာ ကိုယ့်ကိုကြည့်ပါဦး"
ရထာ့မျက်နှာပေါ် ဖုံးကွယ်ထားသည့် လက်နှစ်ဖက်ကို ဖယ်ယူသော်လည်း ရထာက ရုန်းထွက်ကာ ကျောပေးသွားသည်။ ကရုဏာသက်ဝင် ပြုံးမိလိုက် ရထာ့ကျောပြင်အား အသာပွတ်သပ်ပေးမိလိုက်သည်။
"လောစရာမလိုပါဘူး ရထာ။ သေချာဆုံးဖြတ်ပြီးမှ ကိုယ့်ကိုယုံကြည်လည်း ရပါတယ် ဒီဘက်လှည့်ပါဦး ကိုယ့်ရထာ"
ရထာက သူ့လက်ဖမိုးနဲ့ ပါးပြင်အားသုတ်နေသည်။လှည့်လာသည့်မျက်နှာလေး၌ မျက်လုံးလေးနှင့်နှာခေါင်းလေးက ခပ်နီနီ၊ songမှာ ထိုပုံစံလေးကို အူယားလို့ ပါးပြင်အား လက်မနှင့်နှစ်ချပ်လောက်ပွတ်ဆွဲလိုက်သည်။
"ကြည့်စမ်း အဖြေမပေးရဲလို့ငိုတာ ဒီက ရထာတစ်ယောက်ပဲ ရှိမယ်ထင်တယ်"