ရွှေအင်ပင်ကျောင်းရှေ့ကိုရောက်ခဲ့လေပြီ။ ကျောင်းဝင်းထဲကို ဆိုင်ကယ်ဝင်လို့မရ၍ အရှေ့မှာပဲ ဆိုင်ကယ်ထားခဲ့ကာ လူဝင်ပေါက်အသေးလေးကနေ ကျောင်းဝင်းထဲသို့ နှစ်ဦးသားဝင်လာခဲ့သည်။ အရင်ဆုံး ဘုန်းဘုန်းဆီ လျှောက်ရမှာပေါ့။ ဘုန်းဘုန်းကြီးက စည်းကမ်းကြီးသည်။ ကျောင်းဆောင်ကို ကြည့်ခွင့်ပေးပေမယ့် ဓာတ်ပုံရိုက်ခွင့်တော့မပေးပေ။ လာကြည့်တယ့်သူတွေ ခိုးရိုက်တာတော့ ရှိပေမယ့် ရထာထိုသို့မလုပ်ချင်။ songကိုလည်း ခိုးရိုက်တယ့်အဖြစ်ကို မပြုစေချင်။ ထို့ကြောင့် အင်္ဂလန်ကနေ လာလေ့လာပြီး ရှေးဟောင်းပြုစုသူမို့ တစ်ပုံလောက်တော့ရိုက်ခွင့်ပေးရန် ဘုန်းဘုန်းအားတောင်းဆိုခဲ့ပါသည်။ ဘုန်းဘုန်းက ခွင့်ပြုပေးခဲ့သည်။
"ဘုန်းဘုန်းက စည်းကမ်းကြီးတယ်၊ဓာတ်ပုံရိုက်ခွင့်မပေးဘူး၊ ဒါပေမယ့် တစ်ပုံလောက်ရိုက်ခွင့်ပေးဖို့တော့ ငါတောင်းဆိုခဲ့တယ် လာ ကျောင်းက ဟိုဘက်တင် သွားစို့"
"ဘာလို့ရိုက်ခွင့်မပေးတာလဲ"
"ငါတော့ သဘောကျတယ် အဲ့စည်းကမ်းချက်ကို၊ ဒီလိုမျိုး သမိုင်းကိုစိတ်ဝင်စားလို့ ရှေးဟောင်းကိုစိတ်ဝင်စားလို့ လာလေ့လာရင်တော်သေးတယ်၊တဏှာကင်းတယ့် ဒီဘုရားနယ်ပယ်ထဲ လူလိုမသိဘဲ ဘာမဟုတ်တဲ့ weddingပုံရိုက်ချင်တာနဲ့ ကင်မရာကြီးတွေကိုင်ပြီး လာရိုက်တာတော့ အဆင်မပြေလှဘူး၊ "
"ဒါဆို ကိုယ်အဝေးကနေပဲ တစ်ပုံရိုက်မယ်လေ၊ ပြီးရင် အတွင်းပိုင်းကိုတော့ ကိုယ်googleက ရှာလိုက်မယ်၊ "
"အင်း အဆင်ပြေတယ်မလား"
"ပြေပါတယ်၊"
"ကျေးဇူးပါ"
ဘုန်းဘုန်းရဲ့ ကျောင်းဆောင်ကျော်ရင်တော့ နန်းရိပ်နန်းပြည့်အလား လှပသော ကျွန်းသစ်ကျောင်းဆောင်ကြီးကို တွေ့ရသည်။ အဝေးကနေရပ်ကြည့်တာတောင် ကျောင်းရဲ့ထည်ဝါမှုအရှိန်က မသေးပါလျှင် ကျောင်းတိုက်ပေါ် တက်ကြည့်သည့်အခါ ထည်ဝါမှုအဟုန်က မီးတောက်တစ်ခုလို တောက်ပနေပေမည်။
"ခန့်လှတယ့် ကျောင်းတိုက်ကြီး"
ဓာတ်ပုံရိုက်နေရင်းမှ songကရေရွတ်သည်။ အမိုးက စုလစ်ပန်းခက်တွေ သစ်သားပန်းလက်ရာတွေက တကယ်ကို အလှတရားအပြည့်။ ကျောင်းတိုက်က ခြေတံရှည်ပုံစံဖြစ်ပြီး အောက်မှာတော့ တိုင်လုံးကြီးတွေကြား သွားနိုင်သည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Storie d'amoreလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ