6
11K 1.8K 51
"Hello!!!!"
စားပွဲခုံထိကြားရတဲ့ ခုတင်ပေါ်ကဖုန်းသံသည် ရထာ့အား မျက်မှောင်ကျုံ့စေသည်။ မကြိုက်ဘူးဆိုသောအကြည့်နှင့် ခုတင်ပေါ်က လူဖြူကောင်ကိုကြည့်တော့ လက်ကာပြကာ sorryဟု ပြောသည်။ စိတ်လျော့ကာ မနေ့ကမန္တလေးတောင်အကြောင်း ရှင်းပြပေးခဲ့ရာတွင် ပါသည့်နာမည်တွေကို အင်္ဂလိပ်လို ရေးနေလိုက်သည်။
"အဆင်ပြေရဲ့လား"
"အင်း..."
ဖုန်းscreenပေါ် ပေါ်နေသည့် သူငယ်ချင်းတွေအား song လွမ်းတစွာကြည့်နေမိသည်။ 
"မင်း ဦးလေးဆီကောဖုန်းဆက်ပြီးပြီလား"
deanက မေးလာသည်။ song ပြုံးမိကာ ခေါင်းညိတ်ပြလိုက်ပြီး နဂိုရှိသည့် ပက်လက် အနေအထားမှ မှောက်ယက်အနေအထားကို ပြောင်းလိုက်သည်၊
"ငါနင့်ကို လွမ်းတာပဲ"
Ellaက ပြောသည်။ Song ပြုံးကာ...
"ငါလည်းမင်းတို့နှစ်ယောက်ကို လွမ်းပါတယ် ကျောင်းမှာအဆင်ပြေလား"
"ငါတို့လား ပြေတာပေါ့ မပြေတာ deanပဲ သူ့ကောင်လေးနဲ့ ပျက်သွားပြီ"
"ဘာ!"
အလန့်တကြား အော်မိကာ song ထထိုင်မိသည်အထိ။ 
ဒုန်း!!!!!
စားပွဲကို လက်နှင့်ထုသည့်အသံ။ ဘယ်သူ့ဆီကမှ မဟုတ်။ဟိုကောင်လေးဆီကသာ။
"sorry  ရန်ထာ"
"တိုးတိုးနေ"
ရထာ အံကြိတ်ပြောလိုက်သည်။
"ok"
"လူရှိတာလား"
Ellaကမေးသည်။song ခေါင်းညိတ်ပြကာ...
"deanမင်းအဆင်ပြေလား"
"ပြေတာပေါ့ သူထားခဲ့တော့လည်း နောက်တစ်ယောက်ပေါ့ကွ ငါ့ကိုလိုက်တဲ့ ကောင်လေးတွေရှိပါတယ် ဒါနဲ့ မင်းဂိုက်နဲ့ မိတ်ဆက်ဦးလေ"
"ဟုတ်သား...ခဏ...ဟေ့..ရန်ထာ.."
ခုတင်ပေါ်က ဆင်းလာကာ ရန်ထာ့ဘေးမှာ ထိုင်လိုက်ပြီး ရထာ့ပခုံးကို ဖက်လိုက်သည်။
"ဟာ့ ဘာလုပ်တာလဲမင်း!"
            "ခဏ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမလို့"   