17
9.8K 1.4K 102
နေစောကိုယ်တိုင် ဒီလိုနည်းနဲ့ ကြိုးစားလိမ့်မည်ဟု ရထာ တကယ်မထင်ထားခဲ့ပါ။ ထို့ထက် သားဖြစ်သူ ဂေးမှန်းသိပါလျက် စိတ်တိုနေသည့် အဖေ့ကိုလည်း နားမလည်ပါ။
အတွေးများခြာခြာလည်နေခိုက် လက်ဖဝါးကို လာရောက်ဆုတ်ကိုင်သည့် လက်တစ်စုံ။ ထိုလက်တစ်စုံက နွေးထွေးလွန်းလှသဖြင့် ကြောက်စိတ်ကိုတောင် အဝေးကိုလွင့်စေသည်။
"song"
နာမည်တရင်း songကိုကြည့်တော့ သူက ကိုယ့်ကို ပြုံးပြပြီး မျက်စိတစ်ဖက်မှိတ်ပြသည်။ ဘယ်လိုတောင် အေးအေးဆေးဆေး နေနိုင်ရတာလဲsongရာ။ အခန့်မသင့်ရင် မင်းတစ်ခြားဂိုက်တစ်ယောက်နဲ့ နှစ်ပါးသွားရမယ့်ကိန်းလေ။
ကြောက်ရွံ့တုန်လှုပ်နေရမည့်အစား ယုံကြည်ချက်တို့ ပြည့်နှက်နေသည့် songကို တွေ့ရသည့်အခါ နေစော လက်သီးဆုပ်မိသည်။ သူတို့လူမျိုးတွေက ဘာလို့
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြင်းထန်ရတာလဲ။ မိမိကသာ အနိုင်ပွဲမို့ သူယုံကြည်မှုရှိလည်း ဘာမှမတတ်နိုင်ပါ။ နေစော အဟက်ခနဲ ကျေနပ်ပြုံးပြုံးမိလိုက်သည်။
"အခုကိုယ်က အချစ်တိုက်ပွဲမှာ ရှေ့တန်းထွက်မယ့် အချစ်စစ်သားတစ်ယောက်လေ"
ရထာ့အနား တိုးတိုးလေး songကပ်ပြောလိုက်သည်။
"မင်းကလေ"
ဒီလိုအခြေအနေမှာတောင် နောက်နေနိုင်သည့် songကြောင့် ရထာရယ်ရင်းပင် သူ့လက်မောင်းကို လက်သီးနဲ့ထိုးလိုက်သည်။ ထို့နောက် သူဆွဲခေါ်ရာနောက်ကိုသာ သူ့ကိုယုံကြည်၍ လိုက်လာခဲ့သည်။
"ကဲ သားနေစော။ ဦးကို ဒီလိုလာပြောပေးလို့ တကယ်ကျေးဇူးတင်ပါတယ်ကွာ။ အခု ဦးတို့ပဲ ပွင့်ပွင့်လင်းလင်းပြောချင်တာမို့.."
ဘာကိုဆိုလိုချင်တာလဲ သိတာကြောင့် နေစော ခေါင်းညိတ်ပြကာ.....
"ရပါတယ် ကျွန်တော်ထွက်သွားပါ့မယ်။ သေချာဆုံးဖြတ်ပေးပါနော် ဦးလေး"
"ဟုတ်ပါပြီ"
နေစောက ထလိုက်ရင်း မျက်နှာချင်ဆိုင်မှာရပ်နေသည့်songကို နေစော