4
12.4K 1.8K 34
"ရထာ အဲ့ဒါမင်းမှား...မှား..မှား..တာလား..မသိဘူးလို့ ဟဲ..ဟဲ"
အကိုဖြစ်သူအားကိုးနဲ့ ရထာ့အပေါ် အပြစ်တင်စကားဆိုချင်သော်လည်း မကြည်သောအကြည့်တို့ စုဝေးရောက်လာသဖြင့် ဦဖေ စကားလွှဲရသည်။
"သား! ရထာ"
"ဟုတ်"
ထူးလိုက်တာသည် အသံငယ်နှင့်ဖြစ်သည်။ မကျေမနပ်နှင့် ဘေးမှာထိုင်နေသည့် songအား ဂြိုလ်ကစ်လိုက်သည်။ အဖေဆူမှာကြောက်သည့်သားလို မင်းရထာ ငြိမ်ကုတ်နေရသည်။ ဒီနေ့ အခြားနေရာတွေ လိုက်မပို့ဘဲ အိမ်ပြန်လာတာကို ရောက်ရောက်ချင်း ဦးဖေကိုဖုန်းဆက်ပြောတာပင်။ ဦးဖေက ကိုယ့်ကိုမနိုင်မှန်းသိတော့ အဖေ့ကိုတပ်ကူခေါ်လာသည်။ အခု အဲ့အကြောင်းနဲ့ ပတ်သက်ပြီး လေးယောက်သားမျက်နှာချင်းဆိုင် စကားပြောနေကျရတာဖြစ်သည်။
"သား အဲ့စိတ်လေးကို နည်းနည်းလျော့လို့မရဘူးလား ဟမ်"
အဖေက စိတ်ပျက်သည့် လေသံနှင့်ပြောသည်။ ရထာ ဘာမှမပြောနိုင်ဘဲ ခေါင်းငုံ့ထားဆဲ။ 
"သူကဧည့်သည်လေကွာ အရေးကြီးကိစ္စနဲ့လာတာ သားရယ်"
"ဟုတ်တယ်"
ဦးဖေက ဝင်ထောက်သည်။ ဒီလို အားကိုးနဲ့လာပြောရင် ရထာ့စိတ်ကလည်း မခံချင်။ ထို့ကြောင့်မျက်နှာကိုမော့ကာ..
"အဲ့ဒါဆိုလည်း အခြားသူကိုပြောင်းလိုက်လေ!! ဒါမှန်းသိ မကူပေးဘဲထားလိုက်ရမှာ!!"
"မင်းရထာ!!!"
ဆက်ပြောချင်သော်လည်း အဖေက ငေါက်နေသဖြင့် ကိုယ့်စိတ်ကိုပြန်လျော့ရသည်။ မကျေနပ်စွာ ဦးဖေအား မျက်မှောင်ကျုံ့ကြည့်တော့ လျှာထုတ်ပြောင်ပြနေသည်။ 
"song ဦးလေး တောင်းပန်ပါတယ်ကွာ ဦးလေးသားအတွက်"
"ရပါတယ်ဗျာ ကျွန်တော်ကလည်း ဒီကိုအရေးကြီးကိစ္စနဲ့ဆိုတော့ ပွင့်ပွင့်လင်းလင်းတိုင်ပင်မှဖြစ်မှာလေ ဒါကြောင့်ပါ တစ်ရက်မသွားတစ်ရက် အချိန်ပုတ်လို့ပါ"
ရန်ထာ့ဘက်ကို အနည်းငယ် စောင်းငဲ့ကြည့်တော့ စူပုပ်စွာနဲ့ ကိုယ့်ကိုကြည့်နေသည်။ ထိန်းပေမယ့်လည်း နည်းနည်းတော့ နှုတ်ခမ်းကပြုံးမိသေးသည်။ 