မျက်ဆုံးခြင်းဆုံ အကြည့်ချင်းယှက်နွယ်နေသည့်ကြားမှ ပထမဆုံးအသိဝင်တာက ရထာဖြစ်သည်။ နမ်းနေခြင်းမှ ဝေးကွာရန် ခေါင်းကိုနောက်ဆုတ်လိုက်မိသည်။ Songကတော့ ရထာ့ကို ငေးကြည့်နေဆဲ။
"So..sor...sorry"
ရထာက မြေပြင်ပေါ်လက်ထောက်ကာ Songရင်ဘက်ပေါ်မှာ နေရာယူထားတာကနေ ဖယ်ပေးဖို့လုပ်ရသည်။ Songဘေးမှာ ဖင်ထိုင်ချလိုက်ပြီး ပြန့်ကျဲနေသည့် ပိတောက်ခက်တွေကို ပြန်ကောက်နေလိုက်သည်။
Songကတော့ သူ့နှုတ်ခမ်းသူကိုင်ကာ ငူငိုင်ငိုင်နဲ့ မြေပြင်ပေါ် ကျောခင်းလှဲနေရာမှ ထထိုင်လိုက်သည်။
"ရန်ထာ...မင်း...ငါ့ကို..."
"ထပ်မပြောနဲ့!!"
ရထာ့ အော်သံကြောင့် Songလန့်သွားသည်။ ထပ်ပြီးတော့ ရထာက Songကိုလက်ညိုးကာ....
"မတော်တဆ...ငါ...ငါ...ကမင်းကို...နမ်း...နမ်း...မိသွားတာ"
"ဘာ မတော်တဆ"
"ဟုတ်တယ် မတော်တဆ"
Songက လက်မောင်းမှာပေနေသည့် မြေကြီးတွေကိုခါရင်း သက်ပြင်းချလိုက်သည်။
ပြီးတော့ သူ့ကို နမ်းသည့်ရထာ့ကို ကြည့်ကာ...
"လောကမှာ မတော်တဆဆိုပြီး အလကားယူလို့မရဘူး ရန်ထာ အခုကိစ္စအတွက် မင်းငါ့ကိုတာဝန်ယူရမယ် ရန်ထာ"
ရထာက ရူးနေသလားဆိုသောအကြည့်မျိုးနဲ့ Songကိုကြည့်လိုက်သည်။ သူကတော့ ပခုံးတွန့်ပြကာ ငါမင်းကို တာဝန်ယူတယ်ဆိုတဲ့ စကားကို စောင့်စားနေဟန်။
"ရူးနေလား ဒါမတော်တဆပဲ ဘာမှတာဝန်ယူစရာမလိုဘူး"
"ယူရမှာပေါ့ ငါ့ခွင့်ပြုချက်မရဘဲ မင်းငါ့ကို နမ်းတာလေ အဲ့တော့ မင်းငါ့ကို တာဝန်ယူရမယ် မင်းယောကျာ်းမဟုတ်ဘူးလား"
တစ်ဖြည်းဖြည်း ပွင့်လာသည့် ရထာ့ပါးစပ်လေးသည် Songရဲ့ စကားတွေကြောင့် ဘယ်လောက်အံ့သြသွားသလဲဆိုတာ သက်သေပင်။ တာဝန်ယူရအောင် သူ့ကိုများ အပိုင်သိမ်းလိုက်တာကျလို့။ အသိဝင်လာသည့်အချိန်တော့ ဒီလောက်ထိပြောင်ရသလားဟု မှတ်ကာ Songရဲ့ခေါင်းကို အသာရိုက်လိုက်သည်။
"ရန်ထာ"
"လာပြောင်မနေနဲ့ အဝတ်အစားလဲ ပြီးရင် ဘုရားကြီးလိုက်ပို့ပေးမယ်"
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Любовные романыလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ
