37
5.6K 950 67
တမုတ်မြို့ဟောင်း၌ဖြစ်သည်။ အမြဲတမ်း တက်ကြွလန်းဆန်း၍ တစ်လမ်းလုံး ပါးစပ်စက်တပ်ထားသလို စကားပြောနေတတ်သော songသည် ဒီခရီး၌ အိမ်ကနေထွက်ကတည်းက နှုတ်ပိတ်ကာ ရှေ့ကိုသာငေးမျှော်ကြည့်နေကြောင်း မှန်ထဲကနေမြင်နေရပါသည်။ အခါတိုင်း ခါးထက်မှာ တင်းနေအောင် ဖက်ထားသည့်လက်တစ်ဖက်သည် လမ်းမမှာဆိုင်ကယ်မောင်း၍ ခရီးနှင်လာခြင်းမှအလွန် ဤတမုတ်မြို့ဟောင်းသို့ ရောက်သည့်တိုင် လက်တစ်စုံသည် မိမိခါးအားတွယ်ချိတ်မလာ။ ထိုသို့ဖြစ်ရခြင်း အကြောင်းပြချက်က မိမိရဲ့စကားအမှားလည်း ပါပေသည်မို့ songကိုအားနာရသည်။အခုလည်း တမုတ်ရှင်ပင်ရွှေဂူစေတီကို ပတ်မကြည့်ဘဲ ပြတိုက်ငယ်လေးထဲကို အရင်ဝင်ကာ တူးဖော်ရှာတွေ့ခဲ့သော ရှေးဟောင်းအမွေအနှစ်တို့အား အရင်ကြည့်နေသည်။ 
"တမုတ်ရှင်ပင်ရွှေဂူတဲ့ ၊တမုတ်မြို့ဟောင်းက အနော်ရထာရဲ့ ကင်းတပ်မြို့ထဲမှာပါတယ်၊ အရင်က ဒီနေရာမှာ အုတ်ကျိုးကုန်းကြီးပဲရှိခဲ့တာ၊အဲ့ကုန်းပေါ် သက္ကရာဇ် ၁၂၇၇မှာ ဘုရားဒါယကာဦးစံထွားတည်ခဲ့တဲ့ စေတီအသေးလေးတစ်ဆူပဲရှိခဲ့တယ်။ ၁၉၉၃ခုနှစ်မှာ မဟာသံဃမာယကအဖွဲ့ရဲ့ တာဝန်ကြောင့် မဟာဂန္ဓာရုံမှာ သီတင်းသုံးတဲ့ အရှင်န္ဒောဘာသဟာက ကျောက်ဆည်ကို လာပြီး တမုတ်မြို့ဟောင်းက ဒီကုန်းကြီးမှာ သီတင်းသုံးကော၊ အုတ်ပျိုးပုံပျက်တွေကို ရှင်းရင်းရှင်းရင်းကနေ မြေအတွင်းထဲရောက်တာနဲ့ ပုဂံခေတ်လက်ရာတွေကိုတွေ့လာတာနဲ့ နောက်ပိုင်းရှေးဟောင်းကနေ တာဝန်ယူဦးစီးခဲ့တာ။"
"အင်း"
ထွက်လာတာ အင်းတစ်လုံးတည်းသာ။ ရထာ နှာခေါင်းရှုံလိုက်သည်။ ပြတိုက်ထဲမှာ လေ့လာပြီးပြီမို့ စေတီကြီးကို လေ့လာမှာဖြစ်သည်။ အုတ်ကြိုးတွေ၊ သုံးထပ်ဆင်းတုတော်တွေ၊ ရှေးခေတ်သုံးရေအိုးတွေ၊အရိုးအိုးတွေ၊ပျူ ခေတ်ကတည်းက တည်ရှိခဲ့တဲ့ လေးထောင့်ပုံ ရေတွင်းတွေကို လေ့လာနိုင်ဖို့ site museumအဖြစ် လုပ်ထားတာဖြစ်သည်။ ထို့နောက် စေတီကို အလင်းဝင်သောအမိုးဖြင့် မိုးထားသေးသည်။ဒုတိယလိုဏ်ဂူနဲ့ ဂန္ဓကုဋီတိုက်ထဲမှာ နံရံဆေးရေးတွေရှိသည်။