ပရုတ်ဆီဘူးနှင့်မုန့်ညင်းဆီဘူးကိုကိုင်ရင်း songအခန်းရှေ့မှာ ရထာရပ်စောင့်နေသည်။ အခန်းပြင်ကဧည့်ခန်းမှာ စာထိုင်ရေးနေကတည်းကဆို အိမ်သာသွားချိန်သည်
ကိုးခါလောက်ရှိလေပြီ။ မနေ့က အစားစုံခဲ့သည်ထင်ပါရဲ့။ မနက်ရောက်လို့ အခြားနေရာတွေ လိုက်ပို့ပေးမယ်လို့ အခန်းရှေ့မှာအော်နှိုးနေတုန်း songက ခါးကုန်းကုန်းနဲ့ တံခါးကနေ ခေါင်းပဲပြူထွက်လာကာ'ကိုယ် ဒီနေ့မသွားနိုင်တော့ဘူး၊ပန်းကမ္ဘာရောက်နေတယ်လို့´လို့ ပြောလိုက်ကတည်းက မရပ်တဲ့ဝမ်းက ခုထိပင်။ ဒါတောင် သူက ရထာ့အနားနေချင်တယ်ဆိုကာ အောက်ထပ်ဧည့်ခန်းမှာ စာလုပ်သေးသည်။
ရုတ်တရက် တံခါးဖွင့်လာသည့် songကြောင့်....
"သက်သာလား"
အားမရှိသလို ခေါင်းယမ်းပြလာသည်။
"အရမ်းနာတာပဲ ရထာရယ်"
ပြောပြီး ခန္ဓာကိုယ်သေးသေးလေးအား ဖက်လိုက်ပြီး ပခုံးပေါ် နဖူးအပ်လိုက်မိသည်။ ခံစားရခက်နေမှန်းသိတော့ ရထာက မငြင်းဘဲ နောက်ကျောပေါ် လက်ဖဝါးနဲ့ ပွတ်သပ်ပေးလာပါရဲ့။
"ဆေးသောက်ထားလား"
"မသက်သာဘူး"
"ဆေးလိမ်းပေးမယ် လိုက်ခဲ့"
လိုက်ခဲ့ဆိုပြန်တော့လည်း songက နောက်ကနေဖက်မှီပြီး လိုက်လာသည်။ သူ့အခန်းထဲဆို အဖေလည်း အထင်အမြင်လွဲမည်ကြောင့် ဧည့်ခန်းထဲသာ နှစ်ယောက်အတူ နေရသည်။
"လှဲလိုက်"
စားပွဲနဲ့ ဆိုဖာကြားမှာ လူနှစ်ယောက်စာလောက်ကျယ်တဲ့အနေအထားမို့ ဆိုဖာပေါ်က ခေါင်းအုံးကိုယူကာ အောက်မှာ လှဲအိပ်စေသည်။ ဆေးဘူးအဖုံးဖွင့်ပြီးသည်အထိ မအိပ်သေးသည့် songကြောင့် ရထာလှည့်ကြည့်မိတော့ သူ့ပါးစပ်ပွင့်နေ၍ လက်ညိုးထိုးကာ တအံ့တသြ စိုက်ကြည့်နေသည်။ song ဘာတွေးလဲသိတယ့် ရထာကတော့ songဗိုက်ကို ခပ်ဖွဖွရိုက်ရင်း....
"မဟုတ်တာတွေ မတွေးနဲ့ ဗိုက်ကို ဆေးလိမ်းပေးမလို့ မြန်မာဆေး"
ကြမ်းပြင်ပေါ် ချထားသည့် ဆေးပုလင်းနှစ်ခုလုံးကို ယူကာ သူ့မျက်နှာရှေ့တိုးပြတော့မှ 'ဪ´ဟု ရွတ်၍ လှဲပေးသည်။ songရဲ့ရှပ်အင်္ကျီအား ချက်ပေါရုံသာလှန်လိုက်တော့ သူက လည်ပင်းထိရောက်အောင် ကိုယ်တိုင်လှန်လိုက်သည်ကြောင့် သူ့ဗိုက်ကို ရိုက်လိုက်သည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ