46
5.3K 874 98
အတန်းချိန်​ပြီးသွားပြီမို့ ဆရာထွက်​သွားသည်​နှင့်​ ထိုင်​ခုံ​နောက်​မှီ​ပေါ်ကို ခဏ​လောက်​ ​နေ​စောမှီထိုင်​​နေလိုက်​သည်​။ အရမ်းပင်​ပန်းလာချိန်​​တော့ မျက်​လုံးမှိတ်​ကာ ​ခေတ္တ​အပန်း​ဖြေ​နေမိသည်​။ အခြား​သောအတန်းသူအတန်းသားတို့၏ ဆူဆူညံညံစကား​ပြောသံ၊ ဘယ်​သူသွားမည်​လို့တိုင်​ပင်​သံတို့သည်​ တစ်​ခန်းလုံး အုတ်​အုတ်​ညံ​နေသည်​။ ​ထိုအသံ​တွေ​ကြောင့်​​ ​ခေါင်းပိုကိုက်​ရသည်​မို့ ​နေ​စောမျက်​​မှောင်​ကုတ်​မိသည်​။
"​ဖျော်​ရည်​ဝယ်​​သောက်​မှ"
ဆူညံ​နေတဲ့​နေရာမှာရှိ​နေရင်​ ဆူညံ​နေဦးမှာပဲမို့ ​အေး​ဆေးရာ​နေရာမှာ သွားထိုင်​ဖို့စဉ်းစားမိသည်​။စားပွဲ​ပေါ်က laptopကိုပိတ်​၍ လွယ်​အိတ်​ထဲထည့်​ဖို့ပြင်​​တော့ လွယ်​အိတ်​ထဲမှာေ​တွ့ရသည့် ဖန်​​ဘူးတစ်​ဘူး​။ laptopကို စားပွဲ​ပေါ်ပြန်​ထားကာ ဖန်​ပုလင်းဘူးကို ထုတ်​ကြည့်​မိသည်။ 
ခေါင်း​နောက်​​နေတာမို့ သံပုရာရည်​​လေး​သောက်​လိုက်​လျှင်​ဖြင့်​ အ​တော်လန်းသွား​ပေမည်​။ သို့​ပေမယ့်​လည်း dean​ပေးထားတာမို့ မ​သောက်​ချင်​​သောစိတ်​က ရင်​တွင်း၌အနည်းငယ်​​အောင်း​နေသည်​။
"​သောက်​လိုက်​ရင်​​ကောင်းမလား"
ကိုယ့်​ကိုယ်​ကို ​နေ​စောပြန်​​မေးမိသည်​။ 
"​သောက်​လိုက်​လည်းဘာမှမဖြစ်​ပါဘူး"
ခေါင်း​နောက်​​နေတာပိုဆိုးလာသည်​မို့ အဖုံးကိုဖွင့်​ကာ နည်းနည်း​လောက်​ပဲဖြစ်ဖြစ်​ ​သောက်​လိုက်​မိသည်​။
"အင်း ​ကောင်းသားပဲ"
အချဉ်​ဓာတ်​ကိုပိုကြိုက်​​သော​နေ​စောအတွက်​ ​dean​ဖျော်​​ပေးလာသည့်​ သံပုရာရည်​ဟာ အ​တော်​​ကောင်းလှသည်​။ ​နောက်​ထပ်​တစ်​​မော့ ​မော့​သောက်​လိုက်​ပြီး laptopကို အိတ်​ထဲထည့်​ကာ hyde parkကို သွားဖို့ကြံရ​တော့သည်​။ ဟိုအခန်းဒီအခန်းကို ​ကျော်​သွားပြီး ​​​​mainအ​ဆောင်​​ပေါက်​မှ ထွက်​လျှင်​ဖြင့်​ ​လှေကားထစ်​တစ်​ထစ်​မှာ ထိုင်​​နေသည့်​ dean​ကြောင့်​ ​နေ​စော​ခြေလှမ်း​တွေရပ်​သွားသည်​။