လန်ဒန်ရဲ့ဆောင်းဦးနံနက်ခင်းက အေးစိမ့်စိမ့်။အခန်းကို အပူပေးစက်တပ်တားသည့်တိုင် အေးစိမ့်ခြင်းက ခန္ဓာကိုယ်ကို စိုးစိမျှတိုးလာသည့်အခါ ခြေထောက်ကိုကွေးလိုက်မိသည်။ သို့သော် ဖက်ခေါင်းအုံးတောင်ထားမအိပ်တတ်တော့ နေစောအဖို့၌ ဒူးကွေးသည့်အခါထိတွေ့သွားသည့် တစ်စုံတစ်ယောက်၏ အသားအရေကြောင့် ဖျတ်ခနဲနိုးလာရသည်။ အိပ်ရာနိုးလို့မျက်လုံးဖွင့်လိုက်ပါ နံရံကိုတန်းမြင်ရမှာဆိုပေမယ့် အခုတော့လူတစ်ယောက်၏မျက်နှာကို ထင်းထင်းတွေ့နေရ၏။ အံ့သြမှုနှင့်အတူလှုပ်လိုက်တော့ အောက်ပိုင်းရဲ့စူးအောင့်အောင့်နာကျင်မှုတစ်ခု။
"အာ့!"
နေစော ညည်းလိုက်မိသည်။ ဘာလို့အောက်ပိုင်းကနာနေရတာလဲ။ ခံစားမှုအရ ခန္ဓာကိုယ်မှာလည်းအင်္ကျီမကပ်ဟုထင်နေမိသည်။မဟုတ်လောက်ပါဘူးဟု စဉ်းစားလျက် အားတင်းကာ ခန္ဓာကိုယ်ပေါ်လွှမ်းခြုံထားသည့်စောင်ကို
မကြည့်လိုက်သည်။ နှစ်ယောက်လုံးသည် အဝတ်အစားမပါပေ။ အံ့သြလွန်းလို့ဆတ်ခနဲ ထိုင်ထလိုက်မိသည့်အချိန်မှာတော့ တင်ပါးတစ်ဝိုက်ကပိုလို့နာလာသည်။"ဘာ..ဘာ..တွေဖြစ်ခဲ့.."
ဆံပင်ကြားထဲကိုလက်ချောင်းတွေထိုးထည့်ဖွကာ မနေ့ကအဖြစ်အပျက်တွေကို နေစော အတင်းပြန်စဉ်းစားနေမိသည်။ ပထမဆုံး သိမ်းမြစ်ကန်ဘောင်မှာထိုင်နေပြီး ဟိုဟိုဒီဒီငေးကြည့်နေသည်။ ပြီးလျှင် ဘားကိုသွားကာ အရက်သောက်သည်။
"ပြီးတော့ကော !!! ပြီးတော့ကော!!!"
ဆက်မှတ်မိစမ်းပါ။ ဆက်မှတ်မိစမ်းပါ။ အမှန်တရားကို နာနေသည့်တင်ပါးနှင့်ဝတ်စလစ်ဖြစ်နေသောခန္ဓာကိုယ်များက ဖော်ပြနေသော်လည်း ဘာမှမဖြစ်ခဲ့ဘူးလို့လိမ်နေမိသည်။ စိတ်ရှုပ်လာသည်ကြောင့် ကိုယ့်ဆံပင်တွေကိုလက်နှစ်ဖက်လုံးဖြင့် တစ်ဆုပ်လိုက်ဆွဲလိုက်မိသည်။
![](https://img.wattpad.com/cover/210192241-288-k11841.jpg)
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ