songနှင့်အတူယှဉ်တွဲ၍ စာသင်ခန်းတွေကို တစ်ခန်းပြီးတစ်ခန်းဖြတ်ကျော်ခဲ့ကာ အနုပညာအသင်းရှိရာအခန်းသို့ သွားရသည်။ စာတော်ရုံဖြင့် ကျောင်းသားကောင်းလို့မသတ်မှတ်သော ဤနိုင်ငံပညာရေး၌ ဆိုင်ရာအဖွဲ့အစည်းတစ်ခုမှာတော့ ပါဝင်ရမှာဖြစ်သည်။ ဆိုတော့လည်း songနှင့်အတူရှိဖို့အချိန်ပိုရလေအောင် အနုပညာအသင်းကိုပဲဝင်လိုက်မည်။ ဒီကျောင်းမှာက အဖွဲ့အစည်းတစ်ခုစီတိုင်းအတွက် နေရာသက်သက်ရှိကာ gymဆော့သည့်အခန်းပင် သီချင်းသံတွေကောပါကာ ကလပ်တစ်ခုလို လုပ်ပေးထားသည်။လုံးဝကို အသင်းတစ်သင်းစီက အမိုက်စားပင်။
"ကိုယ်တို့အနုပညာအသင်းမှာလူတော့များတယ် ဂီတ အက ပန်းချီ အဲ့လိုအနုပညာတွေပေါင်းထားတော့လေ"
စိတ်တွေလေနှင်ရာလွင့်နေတုန်း songရဲ့စကားသံကြားမှ ပြန်လည်စုစည်းမိသည်။ ဪဟုရေရွတ်လိုက်ပြီး ဟိုဟိုဒီဒီမျက်စိကစားကြည့်မိသည်။ အတန်းချိန်ပြီးသော ကျောင်းသားကျောင်းသူတွေက သူတို့နှစ်သက်သည့်ကလပ်ကိုဝင်ဖို့ရာ အသီးသီးတိုင်ပင်နေကြသည်။
"ကိုယ်သူတို့ကိုတောင်မနာလိုလာပြီကွာ ကိုယ့်ကိုဂရုစိုက်ပါဦးမော်ဖူးမဝလေးရဲ့"
songက ရထာ့မေးစိကနေဆွဲကာ သူ့ဘက်ကိုလှည့်စေတော့ ပိုရသလားလို့ သူ့လက်မောင်းကို အသာထိုးမိသည်။
"နေရာတွေသေချာမှတ်ထားရတာပေါ့ကွ မင်းတို့ကျောင်းကအကျယ်ကြီးဆိုတော့ ငါ့ခေါင်းကလည်နေတုန်းပဲ"
"ကိုယ်ရှိတာပဲကို"
"အေးပါကွာ၊ဒါနဲ့ စာတမ်းကိစ္စကို ဆရာတွေဘာပြောလဲ"
ရထာ့အတွက် ထိုအကြောင်းအရာက စိတ်ဝင်စားဖွယ်ဖြစ်သည်။ မိမိရဲ့လုပ်အားကော songရဲ့လုပ်အားပါ ထည့်၍ ကိုယ်ချစ်သောအမိမြေမြန်မာနိုင်ငံရဲ့ မန္တလေးဟူသော မြို့တစ်မြို့က ရှေးဟောင်းအမွေအနှစ်တွေအကြောင်း ဒီကဆရာတွေအနေဖြင့် လက်ခံပါရဲ့လား။
songက ကျေနပ်စွာပြုံးပြီး...
![](https://img.wattpad.com/cover/210192241-288-k11841.jpg)
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ