"မန္တလေးတောင်က မန္တလေးမြို့အရှေ့မြောက်ဘက် မြေပြန့်မှာ သီးသန့်ဖြစ်နေတဲ့တောင်တစ်လုံးဖြစ်ပြီးတော့ ပင်လယ်ပြင်ကနေ ပေ၇၇၆ပေမြင့်တယ်။"
"အင်း"
ရှင်းပြတဲ့အကြောင်းအရာတွေကို ရထာကအသံသွင်းပေးပြီး songက မန္တလေးတောင်စတက်တာကို videoရိုက်ထားရသည်။ လန်ဒန်ကသူငယ်ချင်းတွေကို
ပြန်ပြရအောင်ပင်။ သူငယ်ချင်းဆိုမှ ဒီစရောက်ကတည်းက သူတို့ဆီ ဖုန်းတစ်ခါပဲ ဆက်ရသေးသည်။ အိမ်ပြန်ရာက်ရင်တော့ video callခေါ်ရမည်။ မိမိကို ပျော်အောင်လုပ်ပေးတဲ့သူငယ်ချင်းတွေကို လွမ်းလှလေပြီ။
"ဒီတောင်က ကကုသံဘုရားရှင်လက်ထက်က ခီဏာသဝပူရတောင်၊ ကောဏာဂုံဘုရားရှင်လက်ထက်က ဝေလာမပူရတောင်၊ကဿပဘုရားရှင်လက်ထက်က ပါဒဿပူရတောင်ဆိုပြီးအမျိုးမျိုးခေါ်ခဲ့ကြတာ၊အခုဂေါတမဘုရားလက်ထက်ကျတော့ မဏ္ဍလ မန္တလေးတောင်လို့ခေါ်တယ်"
"မင်း ဘုန်းကြီးဝတ်ထားတာလား"
ရထာ့ရဲ့ မကျေနပ်တဲ့အကြည့်က ဒိန်းခနဲ။
"ဘုန်းကြီးဝတ်မှသိရမှာလား ၊ သေချာရိုက်"
"ဟုတ်ပါပြီ..နာမည်တွေ မမှတ်မိဘူး ရေးပြနော်..ဒါနဲ့မတက်ခင်မှာ ဒီတောင်သမိုင်းကို အသေးစိတ်ပြောပြ ထိုင်ရအောင်"
"ပြီးသာပဲ"
ဘိုးဘိုးကြီးနန်းမရောက်ခင် စောင်းတန်းတစ်ခုမှာနှစ်ယောက်သား ထိုင်ဖြစ်ကြသည်။ ရိုက်နေသည့် videoကို ပိတ်ကာ ရထာ့ဘက်ကိုလှည့် စောင်တန်းခုံပေါ် တင်ပလ္လင်ခွေထိုင်လိုက်သည်။ ဒီတစ်ခါတော့ အသံသွင်းစက်ကို songက ကိုင်ထားပေးသည်။
"ဒီတောင်ကို ဘီလူးမတောင်လို့လဲခေါ်တယ် ။ဘုရားရှင်လက်ထက် မြတ်စွာဘုရား..."
"ဘာ ဘုရားလဲ။ မင်းရှေ့မှာပြောခဲ့တဲ့ ဘုရားထဲကဘယ်ဘုရားလဲ"
ရထာ မျက်ဖြူလန်မိကာ သက်ပြင်းချလိုက်သည်။ ဒီလူဖြူ ကောင်သည် မိမိဟာကွက်ကိုစောင့်နေသလိုပင်။
"စိတ်လျော့! စိတ်လျော့! "
ကိုယ့်ရင်ဘက်ကို ရထာပြန်ဖိ၍ ရေရွတ်လိုက်သည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ