တစ်ရက်နှင့်တစ်ရက် အားကစားပြိုင်ပွဲက နီးကပ်လာနေပြီမို့ လေ့ကျင့်ရေးကို ပို၍ဖိလုပ်ရသည်။ ချစ်ကြည်ရေးအတွက် westminsterတက္ကသိုလ်နှင့်ယှဉ်ပြိုင်ရမည့်ပွဲမို့ အသင်းသားတွေဟာ လုံ့လထုတ်လို့ မဆုတ်မနစ်ကြိုးစားလေ့ကျင့်နေကြမြဲဖြစ်သည်။ ပြိုင်ဘက်အသင်းကို လျော့တွက်လို့မရပါ။ ထိုပြိုင်ပွဲကို နေရောင်ခြည်လေးအား လာကြည့်စေချင်သည်။ သို့ပေမယ့်လို့ သူလေးကိုလာကြည့်ဖို့တောင်းဆိုသည့်အခါ အဲ့ပွဲကြည့်ချိန်ကို စာဖတ်မှာပေါ့လို့ပြောမည်ကို ကြားယောင်မိသည့်အခါ ပြုံးရသည်။ ဟောစရာမလိုတဲ့ ဗေဒင်လေးပေါ့။
အတွေးတွေကိုပြန်ခေါက်သိမ်းကာ အဝတ်ဗီဒိုထဲကအင်္ကျီနှင့်ဘောင်းဘီကိုထုတ်၍ ရေချိုးခန်းထဲဝင်လာခဲ့သည်။ ချွေးတွေနဲ့ဆိုတော့ ရေချိုးမှဖြစ်ပေမည်။ ရေအမြန်ချိုးအပြီးမှာတော့ အဝတ်လဲခန်းမှာအဝတ်အမြန်လဲပြီး အခြားအသင်းသားတွေအား ညနေလေ့ကျင့်ချိန်ကျ နောက်မကျဖို့မှာရသည်။"ညနေကျလေ့ကျင့်ချိန်ရှိတဲ့သူတွေ နောက်မကျပါနဲ့"
"ဟုတ်ကဲ့!!!"
အသင်းသားတွေရဲ့တစ်ညီတစ်ညာတည်းထွက်သံက အဝတ်လဲခန်းတစ်ခုလုံးဟိန်းထွက်သွား၏။ သူတို့ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြန်ပြုံးပြခဲ့ကာ စာဖတ်အသင်းကိုကူးရသည်။ ဒီနေ့ကစာဖတ်အသင်းမှာ ဖတ်ထားသည့်စာအုပ်အကြောင်းဆွေးနွေးမှာဖြစ်သည်။ အဲ့မှာ deanအတွက် ဒုက္ခရောက်တာပဲ။ အချိန်ပြည့်လေ့ကျင့်နေရသောသူ့အတွက် စာဖတ်ချိန်တောင်မရှိပါ။ ဖတ်ဖြစ်လည်းတစ်ရွက်နှစ်ရွက်အပြင်ပိုမဖတ်နိုင်ဘဲ လေ့ကျင့်လာသည့်ခန္ဓာကိုယ်ကပင်ပန်းလာပြီး အိပ်ပျော်သွားသည်။
"နောက်ဖြစ်မှနောက်ရှင်းပဲ"
ဟုတ်သည်။ နောက်ဖြစ်မှနောက်ရှင်းပဲ။ သူတို့မေးရင် လေ့ကျင့်ရေးတွေကြောင့်စာမဖတ်ဖြစ်ခဲ့ပါဘူးဟု ပြောရင်ရပြီပဲ။ အရေးကြီးဆုံးက ကိုယ့်နေရောင်ခြည်လေးဘေးမှာထိုင်နေရဖို့ပင်။ masterကျောင်းသားကြီးက စာမဖတ်ခဲ့ဘူးဟု နာမည်ကြီးသွားတော့မှာပဲ။ အယ့် ဒါပေမယ့် စာဖတ်တာက စာတော်တာနဲ့ဘာမှမဆိုင်ပါဘူးလေ။
![](https://img.wattpad.com/cover/210192241-288-k11841.jpg)
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ