33
6.1K 973 107
ထီးလှိုင်ရှင်စေတီနှင့်မယ်နုအုတ်ကျောင်းက တစ်နေရာတည်းရှိသည်။ အရင်ဆုံး မယ်နုအုတ်ကျောင်းကို အရင်ဝင်မည်ဖြစ်သည်။ အိပ်နေသော ဦးဖေအား မြင်းလှည်းစောင့်အဖြစ်ထားခဲ့၍ နှစ်ဦးသားထွက်လာခဲ့သည်။
လှေကားထစ်တွေကို တက်လာပြီးနောက် ထည်ဝါလှသော အုတ်ကျောင်းကြီးက စည်းကြိုသည်။ အခြားသော နိုင်ငံခြားသားလေ့လာသူများလည်းရှိသည်။
အုတ်ကျောင်းဆီ သွားနေတုန်း ထီးလှိုင်ရှင်စေတီကို ရထာ လက်ညိုးညွှန်၍...
"ငါပြောတာ အဲ့စေတီလေ စစ်ကိုင်းတောင်ရဲ့အစွန်းဆိုတာ"
"ဪ အပေါ်အရင်ပတ်လျှောက်ရအောင်လေ ပြီးမှအောက်က်ုပတ်လျှောက်တာပေါ့"
"ဟုတ်ပြီ"
ကံတရားထောက်မစွာ မိုးအေးသည့်နေ့မလို့ အုတ်ကြမ်းပြင်ဟာ မပူနေပါ။ သရက်ကင်းလှေကားကနေတက်လာတော့ သရက်ကင်းလှေကားက ပန်းတော့လက်ရာတွေ၊မုခ်ဦးက ပန်းတော့လက်ရာတွေက အဖိုးမဖြတ်နိုင်အောင် လှပသည်။
"အောင်မြေဘုံစံကျောင်းတော်တဲ့။ သက္ကရာဇ် ၁၁၈၉မှာ ဘကြီးတော်မင်းနဲ့နန်းမတော်မယ်နုက ညောင်ကန်ဆရာတော်ဦးပိုးကို လှူခဲ့တာ၊ ငလျင်ကြောင့်ပြိုခဲ့ပြီး ၁၂၃၄မှာ နန်းမတော်မယ်နုသမီး ဆင်ဖြူ ရှင်မက ပြန်ဆောက်ပြီး လှူခဲ့တာ"
"တစ်ကယ်ကို ထည်ဝါတယ်၊ ကိုယ်တော့ အရမ်းကြိုက်တယ်"
ကျောင်းအတွင်းဒုတိယပတ်လမ်းထိ ရထာဝင်နိုင်သည်။ အတွင်းပိုင်းထိတော့ ရထာမဝင်နိုင်။ အဲ့အထဲက အနံ့ကို ရထာမကြိုက်ပါ။
"အတွင်းထဲ ဝင်ကြည့်ရအောင် ရထာ"
"မင်းဝင်လေ ငါအနံ့မခံနိုင်လို့"
"ဟုတ်ပြီ ခဏစောင့်နေနော်"
ဝင်ဖို့လိုလားသည့် songကတော့ အတွင်းပတ်လမ်းထိ ဝင်သွားသည်။ ရထာကတော့ ရပ်စောင့်မြဲ။ မိနစ်ပိုင်းအထိ စောင့်ပြီးမှ နှာခေါင်းကို လက်ညိုးလက်မပေါင်းပိတ်ပြီး ထွက်လာသည့် songကြောင့် ရထာရယ်လိုက်မိသည်။ 
"ကြည့်စမ်း ကိုယ့်ကိုမပြောဘူး"
"ငါပြောပါတယ် နံတယ်လို့"