အင်းဝကို အဝင်လမ်းအမျိုးမျိုးရှိသည့်အထဲမှ မဟာဇေယျပထတံတားကနေ ဝင်လာခဲ့သည်။
ထိုတံတားအား ဓာတ်ပုံရိုက်ဖို့ရာ songက လက်တပြင်တပြင်ဖြစ်နေသည်။
ထိုသို့လှုပ်လှုပ်ရွရွဖြစ်နေတာ မျက်စိနောက်လာသည်မို့ songဘက်သို့ ရထာလှည့်ကာ....
"ငါရပ်ပေးပါ့မယ် မလောပါနဲ့"
"အိုကေ ကိုယ်မရပ်ပေးဘူးထင်နေတာ"
'ဖြစ်ရလေ´ဆိုတဲ့ မျက်နှာထားနဲ့ songအား ကြည့်တော့ ပြုံးကာပါးပြင်အား ဆွဲလာသည်။ songစိတ်ထဲ ကိုယ်ဘာလုပ်လုပ် ကလေးလိုထင်နေပုံပေ။ တံတားအစမှာကတည်းက တံတားဘေးဘက်နှစ်ခုမှာ အရိပ်ရသစ်ပင်တွေက တံတားကို ဖုံးမိုးထားသည်။သစ်ရိပ်အတော်ကျသည့်
အလယ်လောက်ရောက်မှ အိုးဝေကို ရပ်ပေးလိုက်ကာ သုံးယောက်သား ဆင်းလာသည်။
"ကိုယ့်လက်တွဲ"
ဘေးမှာယှဉ်ရပ်နေသော ရထာ့ရှေ့ လက်ဖဝါးဖြန့်ပေးလိုက်သည်။ songလက်ဖဝါးအား ခပ်သာသာ ငုံ့ကြည့်နေသော ရထာ့မျက်နှာက ခပ်ပြုံးပြုံး။ လက်ဖဝါးချင်းထပ်ဖို့ ရထာ့လက်နုသေးလေးက ကမ်းလာပေမယ့် songလက်ဖဝါးပေါ် ရထာ့လက်ဖဝါးနု မရောက်ခင် လမ်းတစ်ဝက်၌ အားပြင်းပြင်းလာရိုက်သည့် လက်ဖဝါးတစ်ဖက်။
"လာ ငါ့လက်ဖဝါးလေး ကိုင်ထား နွေးတယ်"
နှစ်ယောက်ကြားသို့ ဦးဖေဖြတ်ဝင်လာ၍ ခပ်ပြုံးပြုံးဆိုတော့ songမျက်နှာက မကိုင်ချင်သယောင်ပြု၍ လက်ကို ဖြည်းဖြည်းချင်းရုန်းလာသည်။ ဒါမျိုးဘယ်ရမလဲ။ ရုန်းနေသည့် songလက်ကို ဦးဖေ အားထည့်ဆွဲကိုင်ထားသည်။
"ဒီလိုလုပ်နေရင် ဒီမှာပဲ ထားခဲ့လိုက်တော့မယ်နော် ဦးဖေ"
ရထာကပြောရင်း ဦးဖေနဲ့songကြား ခန္ဓာကိုယ်လိုက်တိုးဝင်၍ ချိတ်တွယ်ထားသည့် လက်နှစ်ဖက်ကို ဖြုတ်ပြီးနောက် songလက်ဖဝါးကိုဆုပ်ကိုင်လိုက်သည်။
"ကဲကဲပိုနေ"
မျက်စိနောက်လာသဖြင့် ရထာ့နောက်စိကို ရိုက်ရင်း ဦးဖေပြောလိုက်သည်။ ရှုံ့မဲ့ မာန်ချီလာသည့် ရထာ့မျက်နှာက ဦးဖေတောင် ကိုင်စရာလူရှိလားလို့ အဓိပ္ပါယ်ဆောင်သည့်အခါ အနာပေါ် တုတ်ကျသကဲ့သို့ ဦးဖေစပ်စပ်နာရသည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ