ဂိတ်ပေါက်က အစောင့်ကို ကျောင်းတွင်းသို့ ဝင်ခွင့်တောင်း၍ ကိုရီးယားဋ္ဌာနဘက်က လှေကားကနေ တက်လာခဲ့သည်။songက ကိုယ့်အခန်းကို ကြည့်ချင်တယ် ဆိုသည်။ လိုက်ပြတာကတော့ ရထာ့အတွက် အပန်းမကြီးပါ။ သူ့ဆန္ဒကို နည်းနည်းလေးဖြစ်ဖြစ် ဖြည့်ဆည်းပေးချင်တာ ရထာ့စိတ်ရင်းအမှန်ဖြစ်သည်။
"ဒီနေရာတွေမှာလည်း မင်းခြေလှမ်းအထပ်ထပ်ရှိမှာပေါ့"
အခန်းဆီသို့ သွားရင်း songက ဆိုသည်။
"မရှိပါဘူး ပျောက်ပြီလေ ကြာတော့"
song အဟက်ခနဲ ရယ်မိသလို ရထာလည်း ပြုံးသွားသည်။ ကိုယ်နဲ့ ဆန့်ကျင်ဘက်ပြောပြီး ကိုယ့်ကို ရွဲ့ရခြင်းကို ရထာပျော်မွေ့သည်ထင်ပါသည်။ သူပျော်အောင် လုပ်ပေးနိုင်ရုံတင်နှင့် ကျေနပ်သည်မို့ ရထာ့ကို songအပြစ်မတင်ရက်ပါ။ လျှောက်နေရင်းမှ ဘေးကကပ်လျှောက်လာသည့် ရထာ့လက်အား song ဆုပ်ကိုင်မိသည်။ ရထာကတော့ ဘာမှမပြောလာသည့်အပြင် လက်ခံပေးပါသည်။
"ဒါက department of englishပဲလေ။ ကျောင်းကကျဉ်းတော့ ရေကန်နားလေးပဲ အားရင်သွားထိုင်ရတယ်။ တစ်ခါတစ်လေ စာပန်းရင်တော့ တစ်ချိန်လောက်လစ်ပြီး ကျောင်းဘေးက ရေနီမြောင်းထဲ သွားစိမ်နေလိုက်တယ်။ အရင်ကအခုလို သံဗန်းခတ်မထားဘူးလေ။ အခုသံဗန်းခတ်ထားလည်း ဝင်လို့ရပါတယ်"
"အဲ့သွားရအောင်လေ"
"ဟင် မင်းကအသန့်ကြိုက်ရယ် စိမ်ချင်မှာမဟုတ်ဘူး"
"အသန့်မကြိုက်ပါဘူး ရထာ့ကြိုက်တာပါ။ အဲ့တော့ ရထာ့ကို ကြိုက်နေသရွေ့ ရထာကြိုက်တဲ့အရာမှန်သမျှ အကုန်ကြိုက်တယ်"
"လျှောက်ပြောမနေနဲ့"
songဗိုက်ကို လက်သီးနဲ့ အသာထိုးလိုက်သည်။
"ဒါဆို သွားစို့လေ"
အပြုံးတစ်ခုကို ချိတ်ဆွဲရင်း songတောင်းဆိုမိသည်။ ရထာကြိုက်တာမှန်သမျှ songလုပ်ဖူးချင်သည်။
"သွားမယ် အဲ့မြောင်းဘေးမှာ ဖျော်ရည်ဆိုင်လေး ရှိတယ်။ ငါတော့ ဖျောရည်တစ်ခွက်ဝယ်ပြီး အဲ့မြောင်းမှာ သွားသွားစိမ်တာ ငါ့အကြိုက်ပဲ"
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Roman d'amourလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ