ခရီးကဝေး၍ ကြမ်းသောလမ်းကို ဖြတ်ရသလို ကောင်းသောလမ်းကိုလည်း ဖြတ်ရသည်။ နာရီချီကြာစွာ မောင်းနှင်ပြီးနောက်မှာတော့ ဟန်လင်းပျူ မြို့ဟောင်းဆိုသည့် ဆိုင်းဘုတ်ကိုတွေ့ရသည်။ ရှေးရှူ သောနေရာရောက်လေပြီမို့ ကားမောင်းနေရင်းတစ်ဖက် အဖေ့ကိုဖုန်းဆက်ကာ ရောက်ကြောင်းသတင်းစကားပါးရပြန်သည်။
"သွားရတာပဲဝေးတာပါ အစုံသွားရင်တောင် တစ်နာရီလောက်ပဲကြာမယ်ရယ်၊ ယူနက်စကိုစာရင်းဝင် ဟန်လင်းပျူ မြို့ဟောင်းဆိုတော့ မင်းကြားတော့ကြားဖူးမယ်မလား"
ဖုန်းပြောပြီးနောက် songကိုစကားစလိုက်သည်။
"အင်း ကြားဖူးတယ်၊ ပျူ မြို့ဟောင်းက ခရစ်တော်မပေါ်ခင်နှစ်၁၉၀ကနေ ခရစ်တော်ပေါ်ပြီးနှစ် ၉၀၀အတွင်းမှာဖြစ်ခဲ့တယ်။ မင်းဆက်က ၇၉၉၊ အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ မဟာသမ္မတမင်း သားတော် ကရဘော်မင်းက စတည်တာ"
"တော်သားပဲ မင်းကတကယ်ကို မြန်မာနိုင်ငံကိုစိတ်ဝင်စားသားပဲ"
"ဒါပေါ့ မြန်မာမှာဆို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာခုနှစ်ခုရှိတယ်လေ၊ ပျူ ဆိုတဲ့ ဟန်လင်း၊သရေခေတ္တရာ၊ဗိဿ နိုး၊ မန္တလေးတောင်ခြေက ကုသိုလ်တော်ကျောက်စာတွေ၊ပုဂံ၊မြစေတီကျောက်စာ၊ဘုရင်နောင်မင်းတရားကြီးရဲ့ခေါင်းလောင်းစာ"
"အံမယ် အသံထွက်တွေက ပီသား"
"ကိုယ်တော်တယ်မလား ဆုချရမယ်နော်"
"မင်းကရှေးဟောင်းကဆိုတော့ သိမှာပဲလေ ၊ ဘာတွေဆုချခိုင်းနေတာလဲ"
မကျေနပ်သလိုပြောတော့ songက ခပ်ဟဟရယ်လာသည်။
"မရဘူးဆုချရမယ်"
"အေးပါကွာ၊စေတီတွေကအပြိုအပျက်ပဲရှိတာဆိုတော့ တိကျတဲ့သက္ကရာဇ်တွေတော့မတွေ့ဘူးပေါ့ကွာ၊ မင်းကိုနည်းနည်းရှင်းပြမယ် ၁၉၀၄မှာ မစ္စတာတော်စိန်ခိုကျောက်စာဝန်က သုတေသနပြုပြီး ၁၉၆၂မှာ တူးဖော်လာတာ။ ပြီးတော့ စိတ်ဝင်စားစရာလေးတစ်ခုပြောပြမယ်"
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ