ကမ်းပေးသည့်လက်ကို ပြန်ဆုပ်ထွေးလိုက်ဖို့ရာ ခဏလောက်စဉ်းစားနေမိသည်။ မျက်နှာချင်းဆိုင်ကလူ၏ ပြုံးသောမျက်နှာက တစ်မျိုးမည်ဟန်ပြုသော်လည်း လှောင်ခြင်းမပါစိတ်ဝင်စားသောအရိပ်အငွေ့များသည်။ ရွှေရောင်ဆံသားများကို ဘေးသို့ခွဲကာ နဖူးပြင်ပေါ်အောင်သိမ်းထားပုံသည် အနည်းငယ် ရှိန်စေသည်။
"ကိုယ့်နာမည်က dean၊လက်ပေးပါဦး ကိုက်မစားပါဘူးကွ"
မိမိအထင်နှင့်လွဲစွာ သူ့စရိုက်သည် ဝတ်စားထားပုံနှင့်တစ်ခြားစီ။ မျက်နှာပေးကိုက ပြောင်စပ်စပ်ဖြစ်လာပုံသည် ခုနကမိမိအတွေးတွေကို မှားနေမှန်းထောက်ပြလိုက်သလိုပင်။ သူ့ကိုရွဲ့ချင်သည့်စိတ်ကြောင့် လက်ထဲမှာကိုင်ထားသည့်စာအုပ်ကို ဂျိုင်းကြားမှာ ညှပ်ကာ လက်အုပ်ချီလိုက်ပြီး..
"မင်္ဂလာပါ နေစောပါ"
တစ်ဖက်က ဆန့်ကျင်ဘက်အပြုအမူကြောင့် deanက ကမ်းထားသည့်လက်ကိုပြန်ရုတ်ကာ 'မင်္ဂလာပါ´ဟု မပီကလာပီကလာဖြင့်ပြောရသည်။
"နယ်ဆောဟုတ်လား"
"မဟုတ်ဘူး နေစော"
"နယ်ဆာ"
deanဆိုသူရဲ့နှုတ်ဖျားမှ 'နယ်´နှင့်'နေ´ကို မကွဲချေ ။ စကားအချေအတင်မဖြစ်ချင်သည်ကတစ်ကြောင်း မှားလည်းပဲ့ပါသွားသည့်အရာမဟုတ်လို့ ခေါ်ချင်သလိုခေါ်စေပါတော့ကြောင်း နေစောခေါင်းညိတ်ပြလိုက်သည်။
"အဓိပ္ပါယ်ပြောပြပါလား မြန်မာပြည်သားလေး"
ခရီးပန်းလာသောနေစောစိတ်သည် deanရဲ့ ပြောင်စစစကားလုံးတွေအောက်မှာ ပို၍ပင်ပန်းရသည်။
"နေစောစောထွက်တာ အိုကေ ဖယ်တော့!"
ကိုယ့်ကိုကျော်ကာ ထွက်သွားသော မြန်မာပြည်သားလေးရဲ့နာမည်က နေစောစောထွက်တာနှင့် အဓိပ္ပါယ်ညီသည်တဲ့လား။ ဒါဆို မင်းကကိုယ့်ရဲ့နေရောင်ခြည်လေးပေါ့ကွာ။ ထွက်သွားသည့် ကိုယ့်နေရောင်ခြည်လေးနောက်သို့ အမြန်လိုက်ကာ ခရီးဆောင်အိတ်ကိုဆွဲယူလိုက်မိသည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ