ellaအိမ်နှင့်songအိမ်က ဘေးချင်းကပ်လျှက်ရှိသည်မို့ လမ်းကိုရောက်တာနှင့် သူငယ်ချင်းငါးယောက်သား လူကွဲသွားသည်။ ellaက သူ့အိမ်ထဲကို ဝင်သွားပြီး ကျန်သူလေးယောက်ကတော့ songအိမ်ထဲကို ထီးအတူဆောင်းလျှက်သား ပြေးဝင်လာရသည်။ အကုန်လုံး မိုးရေတွေကရွဲရွဲစိုလို့။
"အမယ်လေး အခုမှပဲအချမ်းသက်သာတော့တယ်"
အိမ်ထဲရောက်ရောက်ချင်းsongက ငြီးသည်။
"ရထာ အဝတ်လဲတော့ သွား ဖျားမယ်၊ ကိုယ်မင်းအတွက်ကော်ဖီဖျော်ထားပေးမလို့"
"ဟုတ်ပြီ"
ရထာက songအား လက်ညိုးလက်မကွေး၍ အိုကေပုံစံလုပ်ပြခဲ့ကာ အခန်းထဲဝင်သွားသည်။ နေစောလည်း လွယ်အိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး deanဆီပေးလိုက်သည်။
"ခဏစောင့်နေ ငါပိုက်ဆံသွားယူလိုက်မယ်"
"အင်း "
ကိုယ့်နေရောင်ခြည်လေးကတော့ အပေါ်ထပ်ကိုတက်သွားသည်။ အမြဲအပြုံးအရယ်မရှိ အချိန်တိုင်းနာကျင်နေဟန်ရှိသော နေရောင်ခြည်လေး၏ မျက်လုံးများကို deanနှစ်သက်ရပါသော်လည်း အခြားသူကြောင့် ကိုယ်ချစ်ရသူလေးဝမ်းနည်းနေသည်ဆိုတဲ့အသိက ဝမ်းနည်းဖွယ်အောင့်သက်သက်ရယ်။ ထိုသို့နာကျင်နေမည့်အစား မင်းကိုချစ်သောသူကိုသာရှာပါလားလို့ အကြံပေးချော့မော့ချင်ပေမယ့် သူလေးခံစားချက်ကို လှောင်ပြောင်သည့်ဘက်ရောက်မှာလည်းစိုးလှပါသည်။ ဟော့ အတွေးများနေတုန်း ကိုယ့်နေရောင်ခြည်လေးပင် ပြန်ဆင်းလာပြီ။
"ရော့ သုံးခဲ့တဲ့ပိုက်ဆံအရေအတွက်အတိုင်း"
"မယူတော့ပါဘူး ကိုယ်လက်ဆောင်ပေးတယ်သဘောထားလိုက်ပါ"
"မရဘူး ယူ၊ ဒီလိုလက်ဆောင်ပေးတယ်အပြောမခံချင်လို့ ရထာဆီကတောင် ပိုက်ဆံမတောင်းခဲ့တာ"
![](https://img.wattpad.com/cover/210192241-288-k11841.jpg)
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Roman d'amourလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ