ဖန်သားပြင်မှာပေါ်နေသည့် ချစ်ရသူမျက်နှာကြီးကိုသာ
ငေးမောနေမိသည်။ ရက်ပေါင်းများစွာ ကုန်လွန်ပြီး လသို့ကူးခဲ့လေပြီ။ ကုန်လွန်ခဲ့သော စက္ကန့်တိုင်းမိနစ်တိုင်းနာရီတိုင်းက အလွမ်းကိုထုတ်ပိုးသယ်ထားရသည်။ တွေ့ချင်ပါက မိမိနှင့် ရေခြားမြေခြားဝေးကွာနေရသည့်songအား ယခုလိုညအချိန်မှသာ သူနဲ့အေးအေးဆေးဆေးပြောနိုင်သည်။"ကိုယ်မင်းကို လွမ်းလိုက်တာကွာ ကိုယ့်ခေါင်းလေးကလည်း မင်းလက်ကလေးကို လွမ်းတယ်တဲ့"
"ဟက် အရူးကောင်"
ငိုချင်ရက် လက်တို့ဆိုသလို songရဲ့ လွမ်းတယ်ဆိုသည့်စကား ကြားရသည့်အချိန်မှာတော့ ရထာမျက်ရည်ကျတော့သည်။ ငါလည်း လွမ်းနေရပါတယ် songရယ်။
"မငိုပါနဲ့ ရထာရယ်.."
"ငါလည်း...မင်း...ကို...လွမ်းတယ်"
မျက်ရည်တွေကို ပြန်သုတ်ကာ songကို အားတင်းပြုံးပြဖြစ်သည်။ မိမိငိုလျှင် သူစိတ်မချမ်းမသာဖြစ်မှာပဲလေ။
"အလုပ်လုပ်ရတာကော ဘယ်လိုလဲ ရထာ ဧည့်သည်တွေနဲ့ ရန်တော့မဖြစ်ပါဘူးနော်"
"ငါအလုပ်မလုပ်တာကြာပြီ song"
"ဟင် ဘာလို့လဲ"
songက အတော်လေးအံ့သြသွားပုံပေ။ ဟုတ်သားပဲ မိမိဒီအလုပ်ကို ဘယ်လောက်ထိစွဲမက်တယ်ဆိုတာ songလည်း အသိမို့ အံ့သြလောက်ပါသည်။
"မင်းကြောင့်လေ နေရာတိုင်းမင်းကိုပဲ တွေ့ရတာ ၊ ဘယ်သွားသွား မင်းကိုပဲမြင်နေရတယ်၊ ဒီအိမ်မှာတောင် တစ်ခါတစ်လေ မင်းအသံတွေကို ငါကြားနေရတာ"
"ရထာရာ ကိုယ့်ဆီလာခဲ့ပါလားဟင်"
"တော်ပါပြီကွာ အခုဘယ်မှာလဲ အိမ်မှာပဲလား"
ထိုအကြောင်းကိုမပြောချင်တာကြောင့် သိသိသာသာ ရထာစကားလမ်းကြောင်းလွှဲလိုက်သည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ