13
11.2K 1.6K 155
ပင်လယ်ထဲမှာလွင့်မြောရသည့် ခံစားချက်နှင့် ထပ်တူပင် 'ချစ်တယ်'ဆိုတဲ့ လေပြည်စကားထဲ ရထာမျောပါမိသည်။ ချစ်ရိပ်သန်းနေသည့် အကြည့်တို့နှင့် songလှည့်ကြည့်လာချိန်တော့ ရထာ မျက်နှာလွှဲမိသည်။ လက်ထဲက ဝါးလက်ကောက်မှာ ပုံဖော်ထားတာက သူနှင့်အတူ
ကျုံးမှာ နေဝင်ဆည်းဆာကြည့်နေတာကို ကျောဘက်ကနေ ပုံဆွဲထားသည်။ ကျွန်းနက်ကို ပုံဖော်ထားတာက ဘုရားကြီးမှာ ခိုစာကျွေးနေသည့် လက်နှစ်ဖက်ပင်။
ကျုံးရေပြင်ကို ကြည့်လျက် ရထာ ဟက်ခနဲ တစ်ချက်ရယ်မိလိုက်သည်။
"ဘာလဲ မင်းက ငါ့ကိုနမ်းဖူးတာနဲ့ အပျော်ကစားချင်လို့ ဂေးလို့ပြောလိုက်တာလား"
ရထာ့စကားကြောင့် Song ရယ်လိုက်သည်။
"ထင်သားပဲ မင်းလေးကကိုယ့်ကို မချိုးနိမ်ရင် မင်ရန်ထာ မဟုတ်တော့ဘူးဆိုတာ။ မင်းကို အစကတည်းက ဖွင့်ပြောဖို့ ရွယ်ထားတာ ရန်ထာ။ မင်း ဂေးဆိုတာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ။ ဒီမြေက မထွက်ခွာခင်တော့ ချစ်ရတဲ့မင်းကို ချစ်ကြောင်း ဖွင့်ပြောခဲ့မှာပါ။ မင်းကို
ဂေးလို့မသိခင်ကလည်း ချစ်ခဲ့သလို ဂေးလိုသိပြီးတော့လည်း ချစ်မြဲပါ။ ဂေးလို့ မသိခင်က ဖွင့်ပြောဖို့ အခြေအနေစောင့်ခဲ့သလို သိပြီးတော့လဲ ကိုယ့်အတွက် အခွင့်အရေးလေးများ ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အခွင့်သာတဲ့အချိန်ကို စောင့်နေခဲ့တာ အခုတော့ ငါဖွင့်ပြောနိုင်ပြီလေ"
မရပါ။ ဒီလောက်လေး ရှင်းပြရုံနှင့်တော့ သူ့အချစ်အား ရထာလက်မခံချင်ပါ။ ထို့ထက် မြေခြားနေသည့် အကြောင်းပြချက်က အလွယ်တကူဖောက်ပြန်နိုင်သည်ဟု ရထာခံစားရသည်။ songကို မယုံလို့မဟုတ် နေစောတုန်းကလို အသက်မရှင်ချင်လောက်အောင် ခံစားမှုမျိုးကို ခံစားရမှာကြောက်သည်။
"ဘယ်လိုတောင် အမြန်​ချစ်လိုက်တာလဲ song၊ ငါမယုံနိုင်ဘူး"
"တစ်စက္ကန့်မပြည့်ခင်တောင် ချစ်နိုင်လို့ မြင်မြင်ချင်းအချစ်ဆိုတာ ပေါ်လာတာပေါ့ ရန်ထာ။ ကိုယ့်စိတ်ကို ပြန်သုံးသပ်ကြည့်ရင် လူပုစိတ်တို မင်ရန်ထာဆိုတဲ့ မင်းကို မြင်မြင်ချင်းကတည်းက ချစ်ခဲ့တာပါ။ သေချာအောင် ကိုယ့်စိတ်ကို သုံးသပ်ပြီးမှ မင်းကို ဖွင့်ပြောတာ"